USIRD Connect

၇။ နိုင်ငံရေးခိုလှုံခွင့် Asylum ကို ဘယ်လိုမျိုးတင်လို့ရပါသလဲ?

နိုင်ငံရေးခိုလှုံခွင့်လျှောက်တင်တယ်ဆိုတာ တစ်ဦးတစ်ယောက်ချင်းဆီရဲ့ အခြေအနေပေါ်မှာ မူတည်ပြီး ကွဲပြားကြပါတယ်။ အရင်ဆုံး မိမိဆီမှာ Immigration Court Case ရှိနေလား၊ မရှိနေဘူးလားဆိုတာ သိထားရပါမယ်။
အကယ်၍ မိမိဆီမှာ Immigration Court Case ရှိမနေဘူးဆိုရင်၊ ကိုယ့်အနေနဲ့ USCIS မှာ Asylum လျှောက်ထားရမှာဖြစ်ပါတယ်။ USCIS မှာ နိုင်ငံရေးခိုလှုံခွင့် လျှောက်လွှာတင်ခြင်းကို “Affirmative” Asylum လုပ်ငန်းစဉ်လို့လဲ ခေါ်ပါတယ်။
အကယ်၍ သင့်ဆီမှာ Immigration Court Case ရှိနေတယ်ဆိုရင် Immigration Court မှာပဲ Asylum လျှောက်ထားရမှာ ဖြစ်ပါတယ်။။ Immigration Court မှာ နိုင်ငံရေးခိုလှုံခွင့် လျှောက်လွှာတင်ခြင်းကို “Defensive” လျှောက်လွှာတင်ခြင်း လုပ်ငန်းစဉ်လို့လဲ ခေါ်ပါတယ်။ သို့သော်လည်း အချို့ Immigration Court Case ရှိသူများအနေနဲ့ USCIS ဆီမှာ Asylum လျှောက်ထားလို့ရမယ့် အခြေအနေများလဲရှိပါသေးတယ်။

Previous Next