USIRD Connect

၁၄။ ကိုယ့် Immigration case နဲ့ဆိုင်တဲ့ စာရွက်စာတမ်းတွေကို ဘယ်လိုပို့ကြမလဲ?

ကိုယ့် Immigration case နဲ့ဆိုင်တဲ့ စာရွက်စာတမ်းတွေကို ပေးပို့ဖို့ နည်းလမ်း (၂) ခုရှိပါတယ်။
ပထမနည်းလမ်းမှာတော့ Post office လို့ခေါ်တဲ့ United States Postal Service (USPS) ဆီကို စာပေးပို့နိုင်ပါတယ်။ USPS ဟာ အစိုးရက တရားဝင် စီစဉ်ပေးထားပြီး Priority Mail နဲ့ Priority Mail Express တို့လို စာပို့ဆောင်ခြင်းတွေကို ခြေရာခံခြင်း စနစ်နဲ့ လုပ်ဆောင်ပေးတဲ့ နေရာတစ်ခုလဲဖြစ်ပါတယ်။ USPS ကပုံမှန် စာပို့ဆောင်ချက်တွေကို လုပ်ဆောင်ပေးပေမယ့် ခြေရာခံခြင်းစနစ်တော့ ပါမှာမဟုတ်ပါဘူး။ ကိုယ့်ရဲ့အနီးအနားက USPS စာတိုက်ရုံးတွေကို tools.usps.com website မှာ ကိုယ့်ရဲ့နေထိုင်ရာမြို့ကို ဖြည့်ပြီး “Location Type” မှာ “Post Office” ကိုရွေးချယ်ပြီး ရှာဖွေနိုင်ပါတယ်။
ဒုတိယနည်းလမ်းမှာတော့ Federal Express (FedEx) နှင့် United Parcel Service (UPS) တို့လို private companies တွေမှ တစ်ဆင့်ပေးပို့နိုင်ပါတယ်။ အဆိုပါ private companies တွေကတော့ USPS ထက် ဈေးပိုကြီးလေ့ရှိပေမယ့် အချိန်ပိုမိုမြန်ဆန်စွာ ရောက်ဖို့ကိုတော့ အာမခံနိုင်ပါတယ်။
ဘယ်နည်းလမ်းနဲ့ပဲပို့ပို့ ကိုယ့်ဘက်ကသတိထားရမှာတွေ ရှိပါတယ်။
ကိုယ့်ရဲ့စာရွက်စာတမ်းကိုပေးပို့အခါ ခြေရာခံစနစ်ပါဖို့နဲ့ ပစ္စည်းပို့ပြီးကြောင်း သက်သေတွေရှိဖို့ကအရေးကြီးပါတယ်။ ပုံမှန်ပို့ဆောင်ခြင်းကလွဲရင် ကျန်တဲ့ ပစ္စည်း၊စာရွက်စာတမ်းပို့ဆောင်ခြင်းတွေက ခြေရာခံစနစ်ပါဝင်ပါတယ်။ ဒါကြောင့် စာရွက်စာတမ်းတွေပေးပို့တဲ့အခါမှာ Tracking Number ကိုသေချာသိမ်းထားရပါမယ်။ အဆိုပါ Tracking Number ကိုလဲ Receipt (ပြေစာ) ပေါ်မှာအလွယ်တကူ ရှာဖွေနိုင်ပြီး ပိုပြီးသေချာအောင် ဖုန်းထဲမှာ ဓါတ်ပုံအနေနဲ့သိမ်းထားသင့်ပါတယ်။
နောက်တစ်ခုကတော့ ကိုယ်က အရေးကြီးစာရွက်စာတမ်းတွေကို USCIS ဆီသို့ပေးပို့တဲ့အခါ လက်ခံသူဘက်မှလက်မှတ်ရရှိဖို့အတွက် ရွေးချယ်မှုက်ို မရွေးသင့်ပါဘူး။ USCIS မှာ ထိုကဲ့သို့ လက်မှတ်ထိုးပေးမယ့်ဝန်ထမ်းတွေ မရှိတာကြောင့် အဆိုပါရွေးချယ်မှုကို ပြုလုပ်ခဲ့ရင် ကိုယ့်ရဲ့စာရွက်စာတမ်းတွေဟာ မရောက်ရှိသွားတာမျိုးတွေဖြစ်နိုင်ပါတယ်။
နောက်ဆုံးတစ်ခုကတော့ မှန်ကန်တဲ့လိပ်စာကိုပေးပို့ဖို့ပါပဲ။ တစ်ခါတရံမှ USCIS ဟာ USPS အတွက် လိပ်စာတစ်ခုသုံးပြီး private companies တွေဖြစ်တဲ့ UPS နဲ့ FedEx တွေဖို့ မတူတဲ့လိပ်စာက်ို သုံးတာကြောင့် မှန်ကန်တဲ့လိပ်စာ ပေးပို့ဖို့က အရေးကြီးပါတယ်။

Previous Next