USIRD Connect

၁၈။ အကယ်၍ ကိုယ့်မှာ ရှေ့နေတစ်ယောက်ရှိခဲ့မယ်ဆိုလျှင်၊ ရှေ့နေတစ်ယောက်ယူရမယ့် တာ၀န်တွေဆိုတာ ဘာတွေဖြစ်မလဲ?

အောက်မှာ ဖော်ပြပေးထားတဲ့ အချက်အလက်တွေ အားလုံးသည် ရှေ့နေတစ်ယောက်မှာ ရှိရမည့် အရာများဖြစ်ပါသည်။
(၁) ရှေ့နေတွေမှာ အမျိုးမျိုးကွဲပြားကြတဲ့အတွက် ကိုယ်ဌားလိုက်တဲ့ ရှေ့နေသည် Asylum Case နဲ့ ပတ်သတ်ပြီး အတွေ့အကြုံ ဘယ်လောက်ရှိလဲ? တရားရုံးအထိသာ သွားရမယ်ဆို လိုက်ပါပေးနိုင်တဲ့ ရှေ့နေမျိုး ဖြစ်ရပါမယ်။ အစိုးရ ရှေ့နေ ဒါမှမဟုတ် Private ရှေ့နေပဲ ဖြစ်ဖြစ် တာ၀န်ယူမှု၊ တာ၀န်ခံမှုတွေကတော့ တူတူပဲ ဖြစ်နေရမှာ ဖြစ်တဲ့အတွက် စိတ်ပူစရာမလိုအပ်ပါဘူး။
(၂) စာရွက်စာတမ်းတွေ အကုန်လုံးကို ကိုယ်တိုင်သိမ်းဆည်းထားရမှာဖြစ်ပြီး မိမိမှာရှိတဲ့ စာရွက်စာတမ်းအတိုင်း ကိုယ့်ရဲ့ရှေ့နေကိုလဲတစုံ ပေးအပ်ထားရမှာဖြစ်ပါတယ်။
(၃) သင့်ရှေ့နေ အနေနဲ့ သင်နှင့်ဆိုင်တဲ့ အချက်အလက်အားလုံးကို လျို့၀ှက်ပြီး ထိန်းသိမ်းထားပေးရမှာဖြစ်ပြီး၊ မည်သူတစ်ဦးတစ်ယောက်ကိုမှ သင်နှင့် သတင်းအချက်အလက်ကို ပေးခြင်း ပြုလုပ်လို့မရပါဘူးဆိုတာ ကြိုတင်ပြောပေးထားရပါမယ်။
(၄) ရှေ့နေနှင့်အတူ လုပ်ငန်းဆောင်တာ ဆောင်ရွက်တဲ့နေရာမှာ စိတ်ကျေနပ်မှုမရှိတာ၊ သို့မဟုတ် စောင့်ထိန်းရမယ့် အရာတွေကို ချိုးဖောက်တယ်လို့ ခံစားရတယ်ဆိုရင် သင့်အနေနဲ့ တခြားရှေ့နေ ပြောင်းလဲလိုက်လို့ရသလို အလုပ်တူတူ လုပ်ကိုင်ခြင်း စာချုပ်အား ပယ်ဖျက်လိုက်လို့လည်း ရပါတယ်။

Previous