USIRD Connect

ကိုယ့်ရဲ့ Asylum လျှောက်လွှာကို ဘယ်နေရာမှာ တင်သွင်းရမလဲ???

သင်၏ Asylum လျှောက်လွှာတင်ရမည့် နေရာသည် သင့်အခြေအနေပေါ် မူတည်ပါတယ်။ ဖိုင်တင်ရမည့်နေရာကို နားလည်ရန်၊ ဤ USCIS ဝဘ်ဆိုက်တွင် မေးခွန်းများကို ဖြေဆိုနိုင်ပါသည်။ အောက်တွင် ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

Immigration Court တွင် အမှုတွဲရှိသူအများစုသည် သူတို့၏ Asylumလျှောက်ထားမှုကို Immigration Court တင်ပြသင့်ပါတယ်။

သင်ရဲ့ Asylumလျှောက်လွှာကို Immigration Court တွင် မည်သို့တင်သွင်းရမည်အကြောင်း ညွှန်ကြားချက်များကို ဖတ်ပါ။
သင့်တွင် Immigration Court တွင်အမှုကိစ္စရှိမရှိ မသေချာပါက၊ သင်သည် ဤwebsiteတွင် စစ်ဆေးနိုင်သည် (သို့) immigration တရားရုံး၏ Hotline 1-800-898-7180 သို့ ဖုန်းခေါ်ဆိုနိုင်တယ်။ Immigration တရားရုံးတွင် အမှုတွဲရှိပါက သိရန် အခြားနည်းလမ်းများအကြောင်းလည်း ဖတ်နိုင်ပါတယ်။

အချို့သော အထူးအခြေအနေများတွင်၊ Immigration court တွင် အမှုတွဲရှိသူများသည် သူတို့၏ ခိုလှုံခွင့်လျှောက်လွှာကို USCIS သို့ စာဖြင့်ပေးပို့သင့်ပါတယ်။ ဤသည်မှာ အထူးအခြေအနေများဖြစ်သည်-

အကယ်၍ သင်၏ Immigration တရားရုံးအမှုကို ပိတ်ခြင်း (သို့) ပယ်ချသည်ဟု အလိုအလျောက် hotline (သို့) website က ပြောပါက၊ သင်သည် သင်၏ Asylumလျှောက်လွှာကို USCIS သို့ ပေးပို့နိုင်ပါတယ်။ အချက်အလက်များနှင့် ညွှန်ကြားချက်များကို ပိုမိုဖတ်ရှုပါ။
အနာဂတ်တွင် သင့်တွင် Immigration တရားရုံးတွင် အမှုတွဲတစ်ခုရှိမည်ဟု သင်ယုံကြည်ပေမယ့် သင့်အချက်အလက်များသည် အလိုအလျောက် hotline (သို့) website တွင် မပေါ်သေးပါက၊ သင်သည် သင်၏ Asylumလျှောက်လွှာကို USCIS သို့ စာပို့နိုင်ပါတယ်။ အချက်အလက်များနှင့် ညွှန်ကြားချက်များကို ပိုမိုဖတ်ရှုပါ။
အကယ်၍ သင်သည် လူဝင်မှုကြီးကြပ်ရေး တရားရုံးတွင် caseတစ်ခုနှင့် အဖော်မပါသော ကလေးတစ်ဦးဖြစ်ပါက၊ သင်သည် Asylumလျှောက်လွှာကို USCIS သို့ ပေးပို့နိုင်ပါတယ်။ ညွှန်ကြားချက်များကိုဖတ်ပါ။

Immigration တရားရုံးတွင် အမှုတွဲမရှိသူများသည် သူတို့၏ Asylumလျှောက်လွှာကို USCIS သို့ စာတိုက်ဖြင့်ဖြစ်စေ အွန်လိုင်းမှဖြစ်စေ တင်သွင်းသင့်ပါတယ်။

Immigration တရားရုံးတွင် သင့် အမှုတွဲမရှိပါက၊ ယေဘုယျအားဖြင့် သင်သည် သင်ရဲ့ Asylumလျှောက်လွှာကို USCIS ထံ တင်ပြသင့်သည်။ USCIS ထံ ပေးပို့ရန် နည်းလမ်းနှစ်လမ်း ရှိသည်- Mail ဖြင့် (သို့) အွန်လိုင်း။
သင်သည် သင်ရဲ့ ခိုလှုံခွင့် လျှောက်လွှာကို USCIS သို့ စာဖြင့် ပေးပို့လိုပါက ဤညွှန်ကြားချက်များကို ဖတ်ရှုပါ။
သင့်ခိုလှုံခွင့်လျှောက်လွှာကို USCIS အွန်လိုင်းတွင် တင်သွင်းလိုပါက ဤညွှန်ကြားချက်များကို ဖတ်ရှုပါ။ သို့သော် ကံမကောင်းစွာပဲ၊ လူတိုင်းသည် အွန်လိုင်းဖိုင်စနစ်အား အသုံးပြုရန် အရည်အချင်းမပြည့်မီပါ။ ဤ USCIS ဝဘ်စာမျက်နှာရှိ "အထူးညွှန်ကြားချက်များ" တက်ဘ်အောက်တွင်ဖော်ပြထားသော အခြေအနေများထဲမှတစ်ခုတွင် သင်အွန်လိုင်းလျှောက်ထားနိုင်မည်မဟုတ်ပေ။ အကယ်၍ သင်သည် ထိုအခြေအနေမျိုးတွင် ရှိနေပါက၊ ၎င်းအစား USCIS သို့ စာတမ်းတစ်စောင် ခိုလှုံခွင့်လျှောက်လွှာကို ပေးပို့ရန် လိုအပ်မည်ဖြစ်သည်။

Previous