USIRD Connect

၁။ Asylum ဆိုတာဘာလဲ?

Asylum ဆိုတာ အမေရိကန်နိုင်ငံကိုရောက်လာပြီး ကိုယ့်ရဲ့ အမိနိုင်ငံကိုပြန်ဖို့ အကြောင်းတစ်စုံတစ်ရာကြောင့် ကြောက်နေကြတဲ့လူတွေ လျှောက်နိုင်တဲ့ Immigration Status တစ်ခုဖြစ်ပါတယ်။ အကယ်၍ ကိုယ်က Asylum အောင်ခဲ့မယ်ဆိုရင် အမေရိကန်အစိုးရဟာ ကိုယ့်ကို ကိုယ့်ရဲ့ အမိနိုင်ငံဆီ ပြန်မပို့တော့ပါဘူး။

Asylum အောင်ဖို့အတွက်
၁) သင်ဟာ နှိပ်စက်ခံထားရပါမယ် (သို့) ကိုယ့်ရဲ့နိုင်ငံကိုပြန်ရင် နှိပ်စက်ခံရနိုင်ကြောင်း ယုံနိုင်စရာရှိတဲ့ အကြောင်းပြချက်ရှိရပါမယ်။
၂) အဆိုပါနှိပ်စက်ခံရမှုတွေဟာ လူမျိုးရေး၊ ဘာသာရေး၊ အမျိုးသားရေး၊ နိုင်ငံရေး နဲ့ အခြားကိုယ်မပြောင်းလဲနိုင်သော ကိစ္စတစ်ခုခုကြောင့် နှိပ်စက်ခံရတာ ဖြစ်ရပါမယ်။
၃) ကိုယ့်နိုင်ငံရဲ့အစိုးရဟာ ထိုနှိပ်စက်မှုကို ကိုယ်တိုင်ပြုလုပ်နိုင်သလို ထိုကဲ့သို့နှိပ်စက်မှုတွေကနေ မကာကွယ်နိုင်တာ၊ မကာကွယ်ပေးချင်တာမျိုးလဲဖြစ်ရပါမယ်။
၄) နောက်ဆုံးတစ်ခုကတော့ ကိုယ့်နိုင်ငံရဲ့ အခြားနေရာတစ်ခုကိုပြောင်းရွှေ့သွားခဲ့ရင်တောင် လုံခြုံမှုရှိနေမှာမဟုတ်တာမျိုး ဖြစ်ရပါမယ်။

Next