USIRD Connect

၂။ Asylum ကို ဘယ်သူတွေ လျှောက်ထားလို့ရလဲ?

ပုံမှန်အားဖြင့် Asylum လျှောက်ထားသူတွေအနေနဲ့
၁) ကိုယ်က အမေရိကန်နိုင်ငံအတွင်းမှာ လက်ရှိ နေထိုင်နေရပါမယ်။ Asylum လျှောက်ထားဖို့အတွက် ကိုယ်က လျှောက်ထားစဥ်ကာလအတွင်းမှာ အမေရိကန်နိုင်ငံနယ်နိမိတ်အတွင်းမှာ နေထိုင်နေရပါမယ်။ ကိုယ့်မွေးရပ်နိုင်ငံမှာ နှိပ်စက်ခံရနိုင်မှုကြောင့် တိမ်းရှောင်နေရပေမယ့် ကိုယ်က အမေရိကန်နိုင်ငံအတွင်းမှာ မရှိနေဘူးဆိုရင် အခု Asylum Process နဲ့ မတူညီတဲ့ Refugee Status ရရှိဖို့ အတွက် လျှောက်ထားရမှာ ဖြစ်ပါတယ်။
၂) ကိုယ်က အမေရိကန်နိုင်ငံအတွင်းကိုရောက်ပြီးတဲ့ အချိန်မှစပြီး တစ်နှစ်မပြည့်သေးခင် Asylum လျှောက်ထားတာ ဖြစ်ရပါမယ်။ သို့ပေမယ့် ရောက်ပြီး တစ်နှစ်ကျော်တော့မှ Asylum လျှောက်ထားသော်လဲ အချို့ အထူးအခြေအနေတွေမှာ Asylum လျှောက်ထားခြင်းကို ခွင့်ပြုပေးတတ်ပါတယ်။

U.S. အစိုးရ ကိုယ်တိုင်က Asylum ပေးတဲ့နေရာမှာ သတ်မှတ်ထားတဲ့ ကန့်သတ်ချက် တချို့ကတော့
၁) ယခင်က အမေရိကန်နိုင်ငံအတွင်းမှာပဲ Asylum လျှောက်ထားခဲ့ပြီး ပယ်ချခံခဲ့ရသူများအတွက် (ကိုယ့်ရဲ့ Asylum Case တစ်ခုကို အပြောင်းအလဲဖြစ်စေတဲ့ အခြေအနေတစ်ခုခု ရှိခဲ့တယ် ဆိုရင်တော့ ကိုယ့်အနေနဲ့ ပြန်လည် လျှောက်ထားပိုင်ခွင့် ရှိပါတယ်။)
၂) U.S. အစိုးရက နိုင်ငံအတွင်းမှ ထုတ်ပယ်ဖို့ ချမှတ်ခံထားခဲ့ရသူများ (ယခင်က ပြည်နှင်ဒဏ် ခံရပြီးသူများက များသောအားဖြင့် Asylum လျှောက်ထားဖို့ စံနှုန်း မပြည့်မှီပါဘူး။)
၃) ကိုယ့်ရဲ့ မွေးရပ်နိုင်ငံ (သို့) အမေရိကန်နိုင်ငံ မဟုတ်တဲ့ အခြားနိုင်ငံတစ်ခုခုမှ Permanent Lawful Status ရရှိပြီးသူများ
၄) အမေရိကန် အစိုးရ ကိုယ်တိုင်မှ ပြင်းထန်သော ပြစ်မှု စာရင်းထဲ ထည့်သွင်းသတ်မှတ်ရလောက်သော ရာဇဝတ်မှု ကျူးလွန်ခဲ့သူများ
၅) လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး (သို့) အခြား အကြောင်းအရာများအရ အကြမ်းဖက်ပြစ်မှုများတွင် ပါဝင်ပတ်သက်ခဲ့ဖူးသူ အဖြစ် အမေရိကန် အစိုးရမှ သတ်မှတ်ထားခြင်းခံရသူများ

အကယ်၍ ကိုယ်က Asylum လျှောက်ထားနိုင်ခွင့်မရှိဘူး ဆိုရင်တောင်မှ Withholding of Removal or Protection Under the Convention Against Torture (CAT) ဆိုတဲ့ Protection တွေ လျှောက်ထားပြီး ကိုယ့်ကိုယ်ကို United States မှ ပြန်ပို့ခံရခြင်းတွေကနေ ကာကွယ်နိုင်ပါသေးတယ်။

Previous Next