USIRD Connect

သက်သေအထောက်အထားတွေကို ဘယ်အချိန်မှာ တင်ပြဖို့ လိုမလဲ???

သင်၏ ခိုလှုံခွင့်လျှောက်ထားမှု (Form I-589) နှင့် တစ်ချိန်တည်းတွင် သက်သေအထောက်အထား တင်ပြရန် မလိုအပ်ပါ။ အဲ့အစား၊ immigration court တွင် သင့်တစ်ဦးချင်းကြားနာရန် (သို့) သင့် USCIS ခိုလှုံခွင့်လူတွေ့စစ်ဆေးခြင်းသို့ သင်နီးကပ်လာသည်အထိ စောင့်နိုင်ပါတယ်။

Immigration court တွင် အမှုတွဲရှိပါက၊ သင်၏ခိုလှုံခွင့်လျှောက်လွှာကို ဦးစွာတင်ပြရန် လိုအပ်ပါတယ်။ ထို့နောက် သင်၏တစ်ဦးချင်းကြားနာမှုကို စီစဉ်ထားပြီးတာနှင့်၊ သင်သည် နောက်ထပ်အထောက်အထားများ တင်ပြရန် လိုအပ်မှာဖြစ်တယ်။ Immigration တရားသူကြီးသည် တစ်ဦးချင်းကြားနာခြင်းမပြုမီ အနည်းဆုံး 15 ရက်အလိုတွင် အထောက်အထားတင်ပြရန် နောက်ဆုံးရက်ကို သင့်အား ပေးသင့်ပါတယ် ။ Immigration court တွင် ခိုလှုံခွင့်လျှောက်ထားခြင်းအကြောင်း ဤနေရာတွင် ပိုမိုဖတ်ရှုပါ (သို့) ဤဗီဒီယိုများကို ကြည့်ရှုပါ။

အကယ်၍ သင်သည် USCIS နှင့် ခိုလှုံခွင့်လျှောက်ထားပါက၊ သင်၏ ခိုလှုံခွင့်လျှောက်လွှာကို တင်သွင်းပြီးနောက် Asylum officeတွင် အင်တာဗျူးပြုလုပ်ရန် စီစဉ်ထားမှာဖြစ်ပါတယ်။ သင်၏ အင်တာဗျူးမစမီ နောက်ထပ် အထောက်အထားများ တင်ပြရန် လိုအပ်သည်၊ များသောအားဖြင့် သင်၏ ခိုလှုံခွင့် အင်တာဗျူး မတိုင်မီ အနည်းဆုံး တစ်ပတ်အလိုတွင် တင်သွင်းရပါမယ်။ အင်တာဗျူးဖြေရမယ့် Asylum office ကို တိုက်ရိုက်ပေးပို့သင့်ပါတယ်။ သင့်ခိုလှုံခွင့်အင်တာဗျူးသတိပေးချက်ကို ဖတ်ပြီး ညွှန်ကြားချက်များကို လိုက်နာသင့်တယ်။
သင်၏ခိုလှုံခွင့်အင်တာဗျူးသို့ သင်နှင့်အတူ နောက်ထပ်အထောက်အထားများ ယူဆောင်လာနိုင်ပါတယ်။
နောက်ထပ်အသေးစိတ်ညွှန်ကြားချက်များအတွက် သင့်ပြည်တွင်းခိုလှုံခွင့်ရုံးသို့ ဆက်သွယ်နိုင်ပါတယ်။

USCIS နှင့် ခိုလှုံခွင့်လျှောက်ထားခြင်းအကြောင်း နောက်ထပ်ဖတ်ရန် သို့မဟုတ် ဤဗီဒီယိုများကို ကြည့်ရှုပါ။

Previous