ကိုယ့်ရဲ့ biometrics appointment ကို ဘယ်အချိန်မှာ ပြုလုပ်မလဲ???
USCIS သည် သင့်အတွက် Biometric appointment တစ်ခု စီစဉ်ထားသောအခါ၊ USCIS သည် သင့်အား biometric appointment notice တစ်ခု ပေးပို့သင့်ပါတယ်။
Immigration court တွင် Asylum လျှောက်ထားပါက (သို့) USCIS ထံ စာဖြင့် Asylum လျှောက်ထားပါက၊ USCIS သည် သင့်ဆီကို biometrics appointment notice ကို ပေးပို့သင့်ပါတယ်။ သင့်mailကို ပုံမှန်စစ်ဆေးပြီး သင့်လိပ်စာကို updateလုပ်ထားပါ။
အကယ်၍ သင်သည် USCIS ဖြင့် ခိုလှုံခွင့်လျှောက်ထားပါက၊ USCIS သည် သင်၏အွန်လိုင်း USCIS အကောင့်သို့ သင်၏ biometrics appointment notice ကို Upload လုပ်သင့်ပါတယ်။ သင့်ရဲ့ အွန်လိုင်း USCIS အကောင့်ကို ပုံမှန်စစ်ဆေးပါ။
သင်၏ biometrics appointment noticeသည် သင့်ချိန်းဆိုထားသည့် ရက်စွဲ၊ အချိန်နှင့် တည်နေရာကို ပြောပြပေးပါတယ်။ သင်သည် biometrics appointment notice ကိုယူဆောင်လာပြီးသင့်ချိန်းဆိုမှုမတိုင်မီ 15 မိနစ်အလိုတွင်ရောက်ရှိရန်စီစဉ်သင့်သည်။