သတ်မှတ်ထားသောရက်စွဲတွင် ကိုယ့်ရဲ့ biometrics appointment သို့ မသွားနိုင်ပါက ဘာလုပ်သင့်သလဲ???

သင်ဟာ သင့်ရဲ့ biometrics appointment သို့ မသွားနိုင်ပါက၊ ၎င်းကို ဖုန်း (သို့) အွန်လိုင်းဖြင့် ပြန်လည်စီစဉ်ပေးရန် တောင်းဆိုနိုင်ပါတယ်။ သင့်ရဲ့ ချိန်းဆိုရက်မတိုင်မီ biometrics appointment ကို ပြန်လည်စီစဉ်ခြင်းသည် အကောင်းဆုံးဖြစ်တယ်။ ဘာကြောင့်ဆိုရင် သင်သည် appointment ကို လွဲချော်ပါက၊ သင့် ခိုလှုံခွင့်လျှောက်လွှာကို ငြင်းပယ်နိုင်သောကြောင့် ဖြစ်တယ်။ သင့် ရက်ချိန်းပျက်သွားခြင်းသည် သင့် work permit application ကို နှောင့်နှေးခြင်း (သို့) ငြင်းပယ်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

option 1- ဖုန်း

USCIS ကို 1-800-375-5283 သို့ ဖုန်းခေါ်ဆိုပါ။
သင်ခေါ်ဆိုနေသည့်အကြောင်းအရာကို ရှင်းပြရန် သင့်အား တောင်းဆိုသောအခါ၊ သင်သည် "Biometric appointment ကို ပြန်လည်စီစဉ်ရန်" ဟု ပြောနိုင်ပါတယ်။ ထို့နောက် သင့် appointment ကို ပြန်လည်စီစဉ်ရန် USCIS ကိုယ်စားလှယ်နှင့် စကားပြောနိုင်ရမယ်။
ဖုန်းခေါ်ဆိုပြီးနောက်၊ သင်သည် mail တွင် biometrics appointment notice အသစ်ကို လက်ခံရရှိသင့်ပါတယ်။ သင့်ချိန်းဆိုချက်ကို အကြောင်းကြားစာ ယူဆောင်လာပါ။

option 2- အွန်လိုင်း

သင့်အွန်လိုင်း myUSCIS အကောင့်ကို ဖန်တီးပါ (သို့) ဝင်ရောက်ပါ။ အွန်လိုင်းအကောင့်တစ်ခုဖန်တီးပုံအကြောင်း ဒီ USCIS ဗီဒီယိုကို သင်ကြည့်ရှုနိုင်ပါတယ်။
Log in ဝင်ပြီးနောက်၊ မတူညီသော website စာမျက်နှာရွေးချယ်မှုများအကြား ရွေးချယ်ခိုင်းပါက၊ သင်၏အွန်လိုင်းအကောင့်သို့ရောက်ရှိရန် “myUSCIS” ကို ရွေးချယ်နိုင်ပါတယ်။
သင်ဟာ myUSCIS အကောင့်စာမျက်နှာသို့ရောက်တာနှင့်တစ်ပြိုင်နက်၊ သင်သည် biometrics appointment အသစ်တစ်ခုအတွက် သင့်တောင်းဆိုမှုကို စတင်နိုင်ပါတယ်။ အကယ်၍ သင်သည် ဖုန်းအသုံးပြုနေပါက၊ ညာဘက်အပေါ်ထောင့်ရှိ “ menu ” ကိုနှိပ်ပါ၊ “ account actions ” ကိုနှိပ်ပါ၊ ပြီးနောက် “Reschedule biometrics” ကိုနှိပ်ပါ။ အကယ်၍ သင်သည် ကွန်ပျူတာပေါ်တွင်ရှိနေပါက၊ ညာဘက်အပေါ်ထောင့်ရှိ “My Account” ကိုနှိပ်ပါ၊ ထို့နောက် “Reschedule Biometrics” ကိုနှိပ်ပါ။

Biometrics appointment notice တစ်ခု တောင်းဆိုရန် ညွှန်ကြားချက်များကို လိုက်နာပါ။
သင့်အွန်လိုင်းအကောင့်တွင် biometrics appointment notice အသစ်ကို လက်ခံရရှိသင့်ပါတယ်။ ပရင့်ထုတ်ပြီး သင့်ချိန်းဆိုထားသည့် အကြောင်းကြားစာကို ယူဆောင်လာပါ။
မှတ်ချက်- သင်၏ appointment သည် 12 နာရီထက်နည်းပါက (သို့) သင်၏ ချိန်းဆိုမှုကို နှစ်ကြိမ်ပြန်စီစဉ်ထားပြီးဖြစ်ပါက အွန်လိုင်းရွေးချယ်ခွင့်ကို သင်အသုံးမပြုနိုင်ပါ။ ၎င်းအစား USCIS ကို 1-800-375-5283 သို့ခေါ်ဆိုပါ။

သင့် appointment ကို လွတ်သွားပါက နောက်အဆင့်များအကြောင်း ဤနေရာတွင် ဖတ်ပါ။

Previous