ကိုယ့်ရဲ့ ICE check in မတက်ရောက်နိုင်ပါက ဘာလုပ်သင့်သလဲ???

သင်ရဲ့ ICE check-in ချိန်းဆိုထားသည့်အချိန်ကို မတက်ရောက်နိုင်ပါက၊ သင်ဟာ ပြန်လည်စီစဉ်ရန် ကြိုးစားနိုင်ပါတယ်-

သင့်ရဲ check-in ရက်ချိန်းကို ပြန်လည်စီစဉ်ရန် checkin.ice.gov သို့ သွားနိုင်ပါတယ်။
သင်တက်ရောက်နိုင်တဲ့အခါတွင် သင့် ICE အရာရှိကို ဖုန်းဆက်ပြီး သင့်ချိန်းဆိုမှုအား နောက်ထပ်ရက်ချိန်း ပြန်လည်သတ်မှတ်ပေးရန် တောင်းဆိုနိုင်ပါတယ်။
သင့်တွင် ICE အရာရှိရဲ့ ဖုန်းနံပါတ်မရှိပါက၊ သင်ဟာ ICE national ဖုန်းနံပါတ် 1-833-383-1465 သို့ ဒါမှမဟုတ် သင့်ဒေသခံ ICE ရုံးသို့ ခေါ်ဆိုကြည့်ပါ။

သင်ဟာ အဝေးသို့ပြောင်းသွားသောကြောင့် သင့် ICE check-in ချိန်းဆိုထားသည့်နေရာကို မတက်ရောက်နိုင်ပါက၊ အချိန်ဇယားဆွဲရန် မလိုအပ်ပါ။

အဲဒီအစား အဲ့နေ့မှာ သင့်အနီးနားမှာရှိတဲ့ တခြား ICE ရုံးကို သွားနိုင်ပါတယ်။
သင့်လိပ်စာကို update လုပ်ရန် ICE national ဖုန်းနံပါတ် 1-833-383-1465 သို့လည်း ခေါ်ဆိုနိုင်ပါတယ်။
အခြား immigration အေဂျင်စီများနှင့်လည်း သင့်လိပ်စာကို ပြောင်းရန် လိုအပ်နိုင်ပါတယ်။

Previous