ICE ရုံးကို ဖုန်းခေါ်တဲ့အခါ ဘယ်သူမှ မဖြေရင် ဘာလုပ်ရမလဲ??

ICE ရုံးတွင် ဘယ်သူမှမဖြေပါက၊ သင့်နာမည်၊ ဖုန်းနံပါတ်နှင့် A နံပါတ်တို့ဖြင့် voice mail မက်ဆေ့ချ်ကို ချန်ထားခဲ့နိုင်ပါတယ်။ သင် ICE ရုံးကို ဖုန်းခေါ်သောအခါ တစ်စုံတစ်ဦးအား အဖြေပေးရန် မကြာခဏ ခက်ခဲတက်ပြီး voice mail မက်ဆေ့ချ်ကို ချန်ထား၍ မရနိုင်ပါ။ သူတို့ပြန်မဖြေမချင်း ဖုန်းဆက်ဖို့ ကြိုးစားနိုင်ပါတယ်။

ICE ၏ နိုင်ငံလုံးဆိုင်ရာ နံပါတ် 1-833-383-1465 သို့လည်း ခေါ်ကြည့်ပါ။
သင့်ဒေသခံ ICE ရုံးသို့ အီးမေးလ်ပို့ရန်လည်း ကြိုးစားနိုင်ပါတယ်။

သင် ICE ကို ဆက်သွယ်ရန် ကြိုးပမ်းပုံမှတ်တမ်းကို သိမ်းဆည်းထားရန် အထောက်အကူဖြစ်စေပါသည်။ သင်ခေါ်ဆိုသည့်ရက်စွဲနှင့် အချိန်၊ သင်ခေါ်ဆိုသည့်ဖုန်းနံပါတ်နှင့် ဘယ်လိုအဖြေကို ပေးခဲ့သည်ကို ရေးမှတ်နိုင်ပါတယ်။ ICE သို့ သင်ပေးပို့သော ဘယ် email မဆို မိတ္တူကို သိမ်းဆည်းထားပါ။

Previous