USIRD Connect

အမေရိကန်ပြည်ထောင်စုကို ရောက်ပြီးနောက် အစိုးရအရာရှိတစ်ဦးက ICE ကို သတင်းပို့ဖို့ ပြောခဲ့တယ်။ ကျွန်တော်ဘာလုပ်ရမလဲ?

မက္ကဆီကိုကနေတစ်ဆင့် အမေရိကန်ပြည်ထောင်စုကို ရောက်လာရင်၊ မတ်လ 2021 နောက်ပိုင်းမှာ နယ်စပ်တွင် သင်သည် အချိန်အတိုင်းအတာတစ်ခုအတွင်း ICE သို့ သတင်းပို့ရမည်ဟု အမေရိကန်အစိုးရအရာရှိတစ်ဦးက သင့်အား အကြောင်းကြားထားပါတယ်။

2021 ခုနှစ် March မှ November အထိ မက္ကဆီကို-အမေရိကန်သို့ ရောက်ရှိလာသူအချို့၊ နယ်စပ်တွင် သတင်းပို့ရန် အသိပေးချက် (Form I-385) လို့ခေါ်တဲ့ စာရွက်စာတမ်းကို လက်ခံရရှိခဲ့ပါတယ်။ ထိုသတိပေးချက်ဖြင့် ရက် 60 အတွင်း ဒေသဆိုင်ရာ ICE ရုံးသို့ သတင်းပို့ရန် အကြောင်းကြားခဲ့ပါတယ်။
အခြားလူများသည် သီးခြားစာရွက်စာတမ်းကို မရရှိခဲ့ကြသော်လည်း immigration အရာရှိတစ်ဦးက သူတို့အား အချိန်အတိုင်းအတာတစ်ခုအတွင်း ICE သို့ သတင်းပို့ရန် (ဥပမာ၊ 15 ရက် သို့မဟုတ် ရက် 60 အတွင်း)။

အကယ်၍ သင့်အတွက်ဖြစ်ခဲ့ပါက၊ သင်လုပ်ဆောင်နိုင်သော ဖြစ်နိုင်ခြေရှိသော နောက်အဆင့်အချို့ကို အောက်တွင်ဖော်ပြထားပါတယ်။

1. ICE check-in appointmentကို အချိန်ဇယားဆွဲခြင်းဖြင့် သင်ဟာ ICE သို့ သတင်းပို့နိုင်ပါတယ်။ သင်ဟာ ထို ICE website တွင် appointment တစ်ခု စီစဉ်နိုင်ပါတယ်။ သင်ဟာ သတ်မှတ်ထားသောအချိန်အတွင်း ICE သို့ သတင်းပို့ရပါမယ် (ဥပမာ၊ ရက် 60)၊ သင်ရှာတွေ့နိုင်သော အစောဆုံးရနိုင်သော ICE appointment သည် အဲ့ထက်နောက်ကျပါက အဆင်ပြေသင့်ပါတယ်။ အောက်တွင်ဆက်လက်ဖတ်ရှုပါ။

2. Immigration court တွင် ကြားနာရန် စီစဉ်ထားခြင်း ရှိ၊မရှိ သိရှိနိုင်ရန် အပတ်စဉ် immigration court စနစ်အား စစ်ဆေးသင့်ပါသည်။ သင်သည် Immigration cour ဟော့လိုင်း 1-800-898-7180 သို့ ဖုန်းခေါ်ဆိုနိုင်သည် (သို့) ထို Immigration court website သို့ သွားပါ။ သင်၏ A နံပါတ်ကို ရိုက်ထည့်ရပါတယ်။ သင့်အမှုကို ဆက်လက်ဆောင်ရွက်လိုပါက သင့် Immigration court ကြားနာမှုအားလုံးကို တက်ရောက်ရန် အရေးကြီးပါတယ်။

မှတ်ချက်- သင့်တွင် Notice to appear မရရှိသေးပါက၊ နောင်တွင် တစ်စောင် လက်ခံရရှိမည်ဟု အစိုးရမှ ပြောကြားထားပါတယ်။ အကြောင်းကြားစာသည် သင့်မှာ Immigration court တွင် အမှုတစ်ခုရှိသည်ဟုဆိုတဲ့ စာရွက်စာတမ်းတစ်ခုဖြစ်ပါတယ်။ ICE နှင့် check-in ချိန်းဆိုမှုတွင် Notice to appear ကို သင်လက်ခံရရှိနိုင်ပါတယ်။ (သို့) အမေရိကန်အစိုးရထံ သင်ပေးထားတဲ့ လိပ်စာအတိုင်း ၎င်းကို Email ဖြင့် လက်ခံနိုင်ပါတယ်။

3. သင်ဟာ Asylum လျှောက်ထားနိုင်ပါသည်။ Asylum လျှောက်ထားခြင်းသည် ကိုယ်ရေးကိုယ်တာရွေးချယ်မှုဖြစ်ပြီး သင့်အခြေအနေပေါ်မူတည်ပြီး ရှုပ်ထွေးတဲ့ဆုံးဖြတ်ချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။ အများအားဖြင့် သင်ဟာ အမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်ပြီး 1 နှစ်အတွင်း ခိုလှုံခွင့်လျှောက်ထားရန် လိုအပ်သော်လည်း သင်ဟာ ပိုမိုလျင်မြန်စွာ လျှောက်ထားလိုပါလိမ့်မယ်။ ခိုလှုံခွင့်လျှောက်လွှာတင်ပြီးနောက် ရက်ပေါင်း 150 တွင် သင်သည် များသောအားဖြင့် work permit ကို လျှောက်ထားနိုင်ပါတယ်။ ဒီနေရာတွင် ခိုလှုံခွင့်အကြောင်း ပိုမိုလေ့လာပါ။
ခိုလှုံခွင့်လျှောက်ထားပုံသည် immigration court စနစ်အား စစ်ဆေးသောအခါတွင် သင်၏အချက်အလက်များ ပေါ်လာခြင်းရှိမရှိအပေါ် မူတည်သည်။

သင့်ရဲ့ A နံပါတ်ကို ရိုက်ထည့်ပြီးနောက် immigration court စနစ်တွင် သင့်အမှုတွဲအချက်အလက် မပေါ်ပါက၊ ထိုအဆင့်များကို လိုက်နာခြင်းဖြင့် USCIS ထံ ခိုလှုံခွင့်လျှောက်ထားနိုင်ပါတယ်။
သင့်အမှုတွဲအချက်အလက်သည် immigration court စနစ်တွင် ပေါ်လာပြီး immigration court တွင် သင့်အား တာဝန်ပေးအပ်ခံရပါက၊ ထိုအဆင့်များကို လိုက်နာခြင်းဖြင့် immigration court တွင် ခိုလှုံခွင့်လျှောက်ထားနိုင်ပါတယ်။

4. သင်ပြောင်းရွှေ့ပြီးပါက သင့်လိပ်စာကို update လုပ်ရန် ICE ၏ အမျိုးသားဖုန်းနံပါတ် 1-833-383-1465 သို့ ခေါ်ဆိုနိုင်ပါတယ်။ အခြား Immigration အေဂျင်စီများနှင့်လည်း သင့်လိပ်စာကို ပြောင်းရန် လိုအပ်နိုင်တယ်။

5. သင့် case နှင့်ပတ်သက်သော အကြံပြုချက်များအတွက် ရှေ့နေတစ်ဦးကိုလည်း ရှာဖွေနိုင်ပါတယ်။

Previous