USIRD Connect

ကျွန်တော် ရွှေ့လျားမိခဲ့တယ်။ ဘာလုပ်သင့်သလဲ?

သင်ပြောင်းရွှေ့တဲ့ အခါတွင် သင်ရဲ့ Immigration ကိစ္စအား ဆက်လက်လုပ်ဆောင်လိုပါက အမေရိကန်အစိုးရထံ သင့်လိပ်စာကိုupdateလုပ်ရန် အရေးကြီးပါတယ်။ အဲ့နည်းဖြင့် သင်ဟာ ကြားနာခြင်း (သို့) အင်တာဗျူးသတိပေးချက်များ (သို့) work permit card ကဲ့သို့သော အရေးကြီးစာရွက်စာတမ်းများကို သင်ရရှိမှာဖြစ်ပါတယ်။

သင်နဲ့ အပြန်အလှန်ဆက်ဆံသော Immigration အေဂျင်စီတိုင်းနှင့် သင့်လိပ်စာကို သီးခြား update လုပ်ရန် လိုအပ်ပါတယ်။

အကယ်၍ သင်ဟာ Asylum လျှောက်ထားခြင်း (သို့) work permi လျှောက်ထားခြင်းကဲ့သို့သော US Citizenship and Immigration Services (USCIS) သို့ လျှောက်လွှာတင်သွင်းပါက၊ ထို USCIS website တွင် သင့်လိပ်စာကို အွန်လိုင်းတွင် update လုပ်နိုင်ပါတယ်။
နောက်ထပ်ရွေးချယ်စရာများကို ဤနေရာတွင် ရှာပါ။
Immigration court တွင် အမှုတွဲရှိပါက၊
ဒီ Immigration court websiteတွင် သင့်လိပ်စာကို အွန်လိုင်းတွင် အပ်ဒိတ်လုပ်နိုင်ပါတယ်။

အကယ်လို့ သင်ဟာ အဝေးတစ်နေရာသို့ ပြောင်းရွှေ့ပါက၊ သင့်case ကို သင့်အနီးရှိ တရားရုံးသို့ ပြောင်းရွှေ့ပေးရန် တောင်းဆိုရန် နေရာကို ပြောင်းလဲရန် အဆိုပြုချက်ကိုလည်း တင်ပြလိုပါတယ်။ ဒါက optional ပါ။
နောက်ထပ်optional များကို ဤနေရာတွင် ရှာပါ။
Immigration curt တွင် အမှုတွဲရှိမရှိ မသေချာပါက ဒီနေရာတွင် ဆက်လက်ဖတ်ရှုပါ။
Immigration တရားသူကြီးက သင့်အမှုကို ငြင်းဆိုပြီးနောက် လူဝင်မှုကြီးကြပ်ရေးအယူခံအဖွဲ့ (BIA) သို့ အယူခံတင်သွင်းပါက-
ဒီ BIA ဝဘ်ဆိုက်တွင် သင့်လိပ်စာကို အွန်လိုင်းတွင် update လုပ်နိုင်ပါတယ်။
နောက်ထပ် Option များကို ဤနေရာတွင် ရှာပါ။

သင့်တွင် ICE (သို့) ISAP နှင့် check-in ချိန်းဆိုမှုများရှိပါက-
သင့်ရဲ့ လိပ်စာကို ICE ဖြင့် update လုပ်ရန် online toolကို အသုံးပြု၍ သင့်လိပ်စာကို လူကိုယ်တိုင် update လုပ်ခြင်း (သို့) 833-383-1465 တွင် ဖုန်းဖြင့် update လုပ်နိုင်ပါတယ်။

အကယ်၍ သင်ဟာ ASAP အသင်းဝင်ဖြစ်ပါက၊ သင်ရဲ့ လိပ်စာကို အမြန်ဆုံးပြောင်းလဲရန် မလိုအပ်ပါ။ Asylum Seeker Advocacy Project (ASAP) သည် အကျိုးအမြတ်မယူသော အဖွဲ့အစည်းဖြစ်ပြီး US အစိုးရနဲ့ပါဝင်ပက်သက်ခြင်းမရှိပါ။

Previous