ကိုယ့်ရဲ့ အမှုသည် Immigration court စနစ်တွင် မပါဝင်သေးပါက၊ လိပ်စာကို Immigration court နှင့် Update လုပ်နိုင်သေးပါသလား??
ကြိုးစားနိုင်ပေမယ့်လည်း အမြဲတမ်း အလုပ်မဖြစ်ပါဘူး။ Immigration court တွင် သင့်အမှုတစ်ခုရှိသည်ဟု ထင်သော်လည်း အလိုအလျောက် တရားရုံးစနစ်အား စစ်ဆေးရန် ကြိုးစားသောအခါတွင် သင့်အမှုကို ပေါ်မလာပါက၊ Form EOIR-33 အွန်လိုင်း (သို့) စာတိုက်ဖြင့် သင့်လိပ်စာကို update လုပ်ရန် ကြိုးစားနိုင်ပါသေးတယ်။
ဖောင် EOIR-33 ကို ပေးပို့ရန် ဘယ် Immigration court မှ အတည်ပြုရန်၊ သင့်တွင် “Notice to Appear ” ဟုခေါ်သော စာရွက်စာတမ်းရှိမရှိ စစ်ဆေးနိုင်ပါတယ်။ ဤစာရွက်စာတမ်းအချို့တွင် သင့်ရဲ့ ပထမဆုံး Immigration court ကြားနာမှုအတွက် သင်ပြသမည့်ရက်စွဲနှင့်နေရာရှိသော်လည်း စာရွက်စာတမ်းအားလုံးတွင် ဤအချက်အလက်မပါပါ။
ကံမကောင်းစွာနဲ့၊ သင့်ရဲ့ ဖောင် EOIR-33 ဖြင့် ပေးပို့ထားသော်လည်း၊ လူဝင်မှုကြီးကြပ်ရေးတရားရုံးသည် သင့်လိပ်စာဟောင်းသို့ အရေးကြီးစာရွက်စာတမ်းများ ပေးပို့ရန် အခွင့်အရေးရှိသေးပါ။ ဒါ့ကြောင့် သင့်ရဲ့ ပထမဆုံး immigration court ကြားနာမည့်အချိန်ကို သိရှိရန် အပတ်တိုင်း တရားရုံးစနစ်အား စစ်ဆေးရန် အလွန်အရေးကြီးပါတယ်။ သင့် ခိုလှုံခွင့်အမှုကို လိုက်လျှောက်လိုပါက၊ သင်၏ Immigration court ကြားနာပွဲကို တက်ရောက်ရန် အလွန်အရေးကြီးပါတယ်။ အကယ်လို့ သင်သည် ကြားနာမှုတစ်စုံတစ်ရာကို လွဲချော်ပါက၊ ပြည်နှင်ဒဏ်အမိန့်ကို လက်ခံရရှိဖွယ်ရှိပါတယ်။
သင့် ခိုလှုံခွင့်လျှောက်လွှာကို တင်ပြလိုပါက၊ အဲ့တာအစား USCIS သို့ တင်သွင်းနိုင်ပါတယ်။ ပုံမှန်အားဖြင့်၊ သင်သည် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိပြီး တစ်နှစ်အတွင်း