USIRD Connect

မိဘမှစွန့်ပစ်ခြင်း၊ နှိပ်စက်ခြင်း (သို့) လျစ်လျူရှုထားသော ကလေးများအတွက် အထူးရွှေ့ပြောင်းနေထိုင်သူ အရွယ်မရောက်သေးသူအခြေအနေ (SIJS)

SIJS သည် မိဘတစ်ဦး (သို့) နှစ်ဦးစလုံးမှ အနိုင်ကျင့်ခြင်း၊ စွန့်ပစ်ခြင်း (သို့) လျစ်လျူရှုခြင်းခံခဲ့ရသော အသက် 21 နှစ်အောက် အရွယ်မရောက်သေးသူများအတွက် immigration relief ပုံစံတစ်ခုဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို သင်နေထိုင်ရာ ပြည်နယ်တရားရုံးက ဆုံးဖြတ်ပါတယ်။ အချို့ပြည်နယ်များတွင် ၎င်းအား အသက် 18 နှစ်အောက် ကလေးများကို ကန့်သတ်ထားသောကြောင့် ဒီသက်သာခွင့်အတွက် အရည်အချင်းပြည့်မီခြင်းရှိမရှိကို သိရန် သင့် 18 နှစ်မပြည့်မီ လအတော်ကြာတွင် ရှေ့နေနှင့် ဆွေးနွေးရန် အလွန်အရေးကြီးပါတယ်။

ပြည်နယ်တရားရုံးသည် ဒီဆုံးဖြတ်ချက်ကို ချမှတ်ပြီးနောက်၊ သင်ဟာ သင့် SIJS အသနားခံစာကို USCIS သို့ တင်သွင်းနိုင်ပါတယ်။ USCIS သည် SIJS ကို ထောက်ပံ့ပါက၊ သင်သည် အမြဲတမ်းနေထိုင်ခွင့် (green card ) အတွက် အရည်အချင်းပြည့်မီနိုင်ပါတယ်။ သင်ရောက်တဲ့နိုင်ငံပေါ်မူတည်၍ သင့် Green card ကို သင်မရရှိနိုင်မီ အချိန်အနည်းငယ်စောင့်ရပါမယ်။

ခိုလှုံခွင့်နှင့် SIJS နှစ်ခုလုံးကို တစ်ပြိုင်နက် လျှောက်ထားနိုင်ပါတယ်။

SIJS လျှောက်ထားနည်းဆိုင်ရာ နောက်ထပ်အချက်အလက်များအတွက်၊ ဒီလမ်းညွှန်ချက်ကို ဖတ်ရှုပါ။ အကယ်လို့ သင်သည် အသက် 18 နှစ်အောက်ဖြစ်ပါက တရား၀င်အရင်းအမြစ်များအကြောင်း ဖတ်ပါ။

Previous