USIRD Connect

ရာဇ၀တ်မှုမှလွတ်မြောက်သူများအတွက် U-Visas

U-Visa သည် အမေရိကန်ပြည်ထောင်စုတွင် ကြီးလေးသောရာဇ၀တ်မှုတစ်ခုရဲ့ သားကောင်များအတွက် Immigration relief ပုံစံတစ်ခုဖြစ်ပြီး ဥပဒေစိုးမိုးရေးအရာရှိများအား အဆိုပါရာဇ၀တ်မှုအား စုံစမ်းစစ်ဆေးရန် (သို့) တရားစွဲဆိုရန် ကူညီပေးတဲ့ပုံစံတစ်ခုဖြစ်ပါတယ်။ USCIS သည် U-Visa လျှောက်လွှာများကို လုပ်ဆောင်ရန် နှစ်ပေါင်းများစွာ အချိန်ယူရပါတယ်။

သင့် U-Visa လျှောက်လွှာကို ဆိုင်းငံ့ထားချိန်တွင် သင်ဟာ work permit ကို လျှောက်ထားနိုင်ပါတယ်။ ဒါ့အပြင် သင့်တွင် El Salvador ၊ Guatemala (သို့) Honduras တွင် နေထိုင်သည့် ကလေးရှိပါက၊ သင့် U-Visa လျှောက်လွှာကို CAM ဟုခေါ်သော အစီအစဉ်ဖြင့် ဆိုင်းငံ့ထားစဉ် သူတို့ကို အမေရိကန်သို့ ခေါ်ဆောင်ရန် လျှောက်ထားနိုင်ပါတယ်။

အကယ်လို့ သင်ဟာ U-Visa ရရှိပါက၊ ပုံမှန်အားဖြင့် သင့်အား ပြည်နှင်ဒဏ်မှ အကာအကွယ်ပေးမည်ဖြစ်ပြီး မိသားစုဝင်အချို့ကို အမေရိကန်သို့ ခေါ်ဆောင်လာနိုင်ပါတယ်။ U-Visa ကို သုံးနှစ်ကြာပြီးနောက်၊ တရားဝင်အမြဲတမ်းနေထိုင်သူ (Green card ကိုင်ဆောင်ထားသူ) ဖြစ်လာရန်လည်း လျှောက်ထားနိုင်ပါတယ်။

ခိုလှုံခွင့်နှင့် U-visa နှစ်မျိုးလုံးကို တစ်ပြိုင်နက် လျှောက်ထားနိုင်ပါတယ်။

နောက်ထပ်အချက်အလက်များအတွက် ဒီလမ်းညွှန်ချက်ကို သင်ဖတ်ရှုနိုင်ပါတယ်။


Previous