USIRD Connect

လူကုန်ကူးမှုမှလွတ်မြောက်သူများအတွက် T-Visas

T-Visa သည် လူကုန်ကူးခံရသူများအတွက် immigration relief ပုံစံတစ်ခုဖြစ်ပါတယ်။ လူကုန်ကူးမှုတွင် အဓမ္မအလုပ်ခိုင်းစေခြင်း (သို့) လိင်ပိုင်းဆိုင်ရာဝန်ဆောင်မှုပေးခြင်းတို့ ပါဝင်နိုင်တယ်။

သင့် T-Visa လျှောက်လွှာကို ဆိုင်းငံ့ထားချိန်တွင် သင်ဟာ အလုပ်ပါမစ်ကို လျှောက်ထားနိုင်ပါတယ်။ ဒါ့အပြင် သင့်တွင် El Salvador ၊ Guatemala (သို့) Honduras တွင် နေထိုင်သည့် ကလေးရှိပါက၊ သင့် T-Visa လျှောက်လွှာကို CAM ဟုခေါ်သော အစီအစဉ်ဖြင့် ဆိုင်းငံ့ထားစဉ် သူတို့ကို အမေရိကန်သို့ ခေါ်ဆောင်ရန် လျှောက်ထားနိုင်ပါတယ်။

သင်သည် T-Visa ကိုလက်ခံရရှိပါက၊ ပုံမှန်အားဖြင့် သင့်အား ပြည်နှင်ဒဏ်မှ အကာအကွယ်ပေးမှာဖြစ်ပြီး မိသားစုဝင်အချို့ကို အမေရိကန်သို့ ခေါ်ဆောင်လာနိုင်ပါတယ်။ သင့်တွင် T-Visa ကို သုံးနှစ်ရရှိပြီးနောက်၊ တရားဝင်အမြဲတမ်းနေထိုင်သူ ( green card ကိုင်ဆောင်ထားသူ) ဖြစ်လာရန်လည်း လျှောက်ထားနိုင်ပါတယ်။

Asylum နှင့် T-visa နှစ်ခုလုံးကို တစ်ပြိုင်နက် လျှောက်ထားနိုင်ပါတယ်။

T-Visas အကြောင်း အသေးစိတ်ကို ဤနေရာတွင် ရှာဖွေပါ။


Previous