USIRD Connect

၅။ ဘယ်အချိန်မှာ Asylum တင်ဖို့လိုအပ်လဲ?

ပုံမှန်အားဖြင့် အမေရိကန်နိုင်ငံထဲ ခြေချပြီး တစ်နှစ်အတွင်းမှာ Asylum Application (Form I-589) ကိုတင်ရပါမယ်။
ဒါပေမယ့်လဲ ချွင်းချက်တွေရှိနေသေးတဲ့အတွက် ကိုယ်ကအဆိုပါချွင်းချက်တွေထဲပါနေခဲ့ရင်တော့ အမေရိကန်နိုင်ငံထဲရောက်တာ တစ်နှစ်ကျော်သွားလဲ Asylum တင်လို့ရနေဦးမှာ ဖြစ်ပါတယ်။
ကိုယ့်အနေနဲ့ အဆိုပါ တစ်နှစ်ကိုကျော်သွားခဲ့ရင်တောင် U.S Immigration Law အရ အခြား Forms of Protection တွေလျှောက်ဖို့ အရည်အချင်းပြည့်မှီနိုင်ပါသေးတယ်။
ဥပမာ “Withholding of Removal” နဲ့ “Protection Under The Convention Against Torture (CAT)” တို့ဟာ Asylum နဲ့ဆင်တူပြီးတော့ ထိုကာကွယ်မှုတွေဟာလဲ ကိုယ့်ရဲ့နိုင်ငံကိုပြန်ဖို့ ကြောက်နေတဲ့သူတွေအတွက် ရည်ရွယ်ထားတာဖြစ်ပါတယ်။ အဆိုပါကိစ္စတွေအတွက်လဲ Asylum ကဲ့သို့ Form I-589 ကိုလျှောက်ထားရမှာ ဖြစ်ပါတယ်။

Previous Next