USIRD Connect

၄။ Asylum တင်ရင် ဘယ်လို Risk တွေရှိလာနိုင်လဲ?

ကိုယ့်မှာ Immigration Court Case မရှိခဲ့ရင် အမေရိကန်အစိုးရဟာ ကိုယ်ကနိုင်ငံထဲမှာရှိနေတာကို သတိထားမိမှာမဟုတ်ပါဘူး။ ဒါပေမယ့် Asylum တင်လိုက်ရင်တော့ ကိုယ်ကနိုင်ငံထဲမှာရှိတာကို သတိပေးရာ ရောက်သွားပြီး ကိုယ်ရဲ့နေရပ်လိပ်စာက်ို အစိုးရထံသို့ ပေးပို့ရမှာဖြစ်ပါတယ်။ အိမ်ပြောင်းရွှေ့ခြင်း၊ ပြည်နယ်ပြောင်းရွှေ့ခြင်းတွေပြုလုပ်တဲ့အခါမှာလဲ အစိုးရထံ အကြောင်းကြားစာတင်ရမှာဖြစ်ပါတယ်။

Asylum Officer က ကိုယ့်ကို Asylum မပေးအပ်သလို ကိုယ့်မှာလဲ Immigration Status (F1, B1, etc.) မရှိဘူးဆိုရင် Immigration Court မှာ Asylum ရရှိဖို့ ထပ်မံကြိုးစားရပါမယ်။ ဒါပေမယ့်လဲ Immigration Judge တွေက ကိုယ့်ရဲ့ case ကိုငြင်းပယ်လိုက်ပြန်ရင်တော့ မိမိရဲ့နိုင်ငံကို ပြန်ပို့ခံရနိုင်ပါတယ်။

အကယ်၍ ကိုယ့်မှာ Immigration Court Case ရှိပြီးသားဆိုရင်တော့ အမေရိကန်အစိုးရဟာ ကိုယ်ကနိုင်ငံထဲမှာ ရှိနေကြောင်း သိနေပြီးသားဖြစ်တဲ့အတွက် အထက်ပါ Risk တွေ မသက်ရောက်ပါဘူး။

နောက်ဆုံးအနေနဲ့ Asylum Application Form I-589 နဲ့ ပတ်သက်ပြီး ကိုယ့်ဘက်က အရိုးသားဆုံးတင်ပြရပါမယ်။ အမေရိကန်အစိုးရ အနေနဲ့ ကိုယ့်ရဲ့ Asylum Case ထဲက အရေးကြီးအချက်အလက်တွေကို လိမ်နေတယ်လို့ ထင်ခဲ့ရင် ကိုယ့်ရဲ့ Application ဟာ "Frivolous" အခြေအမြစ်မရှိဘူးလို့သတ်မှတ်ပြီး Asylum သာမက အခြား Immigration Status တွေရရှိခြင်းကနေပါ တားဆီးလိုက်နိုင်ပါတယ်။

Previous Next