USIRD Connect

Form I-589 ရည်ရွယ်ချက်

Form I-589 လျှောက်ထားမှုဟာ အမေရိကန်နိုင်ငံတွင်

- Asylum နိုင်ငံရေးခိုလှုံမှု တောင်းဆိုရန် နှင့်
- Withholding of Removal နိုင်ငံအတွင်းမှ ဖယ်ရှားခံရမှုအား ရပ်ဆိုင်းရန် (တစ်နည်းအားဖြင့် Witholding of Deportation - မိမိနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်းအား ရပ်ဆိုင်းမှု) အတွက် အသုံးပြုတဲ့ ဥပဒေ နည်းစနစ်တစ်ခု ဖြစ်ပါတယ်။ အဆိုပါ Form I-589 ကို ညှင်းပန်းနှိပ်စက်မှု ဆန့်ကျင်ရေး သဘောတူညီချက် Protection Convention Against Torture ၏ အောက်တွင် အကာအကွယ် တောင်းဆို လျှောက်ထားရန် အတွက်လည်း အသုံးပြုလို့ ရပါတယ်။

မှတ်သားရန်
Form I-589 လျှောက်ထားရန်အတွက် ကိုယ်ဟာ အမေရိကန်နိုင်ငံ အတွင်းမှာ ရှိနေဖို့ လိုအပ်ပါတယ်။
ကိုယ်ဟာ အမေရိကန်နိုင်ငံအတွင်းသို့ ရောက်ရှိပြီးချိန် ၁ နှစ် အတွင်း နိုင်ငံရေး ခိုလှုံခွင့်ကို လျှောက်ထားတင်သွင်း ရပါမယ်။
အကယ်၍ ၁ နှစ်အတွင်း မတင်နိုင်ခဲ့ရင် (သို့) ကိုယ်ရေးကိုယ်တာနှင့် နိုင်ငံရေး အခြေအနေပြောင်းလဲမှုကြောင့် ၁ နှစ် ကျော် ကြာမှ တင်သွင်းဖြစ်ခဲ့ရင် ကိုယ့်ကို Exception ချွင်းချက် အနေနဲ့ သုံးသပ်ဆုံးဖြတ်ပေးဖို့ တောင်းဆိုလို့ ရပါတယ်။
(ဒီစာအုပ်ရဲ့ Part C, Additional Information about Your Application ခေါင်းစဉ် အောက်က Section V on Part 1 မှာ အသေးစိတ် ဆက်လက် ရှင်းလင်း ထားပါတယ်။)

ကိုယ့်ရဲ့ Form I-589 လျှောက်ထားမှုထဲမှာ အမေရိကန်နိုင်ငံတွင် ရောက်ရှိနေသော ဇနီး/ခင်ပွန်း နှင့် အိမ်ထောင်မပြုရသေးတဲ့ အသက် ၂၁ နှစ် အောက် သားသမီးများကို ထည့်သွင်းနိုင်ပါတယ်။ အဆိုပါ မိသားစုဝင်များအတွက်လည်း USCIS မှ ထပ်မံ တောင်းဆိုထားသော စာရွက်စာတမ်းများကို တစ်ပါတည်း တင်သွင်းပေးရပါမယ်။ အသက် ၂၁ နှစ် နှင့် အထက် သားသမီး နှင့် လက်ထပ်ပြီး ထားသော သားသမီးများကတော့ ကိုယ်နဲ့ Form တစ်ခုထဲမှာ လျှောက်ထားလို့ မရပါဘူး။ သူတို့ကိုယ်တိုင် သီးသန့် Form I-589 လျှောက်လွှာတွေကို ရေးဖြည့်ပြီး USCIS ထံသို့ တင်သွင်း လျှောက်ထားရမှာ ဖြစ်ပါတယ်။
အကယ်၍ ကိုယ့်ဆီမှာ နိုင်ငံရေး ခိုလှုံခွင့် Asylum Granted ရရှိသွားပြီဆိုလျှင် အမေရိကန်နိုင်ငံ ပြင်ပမှာ ရှိနေတဲ့ ကိုယ့် ဇနီး/ခင်ပွန်း နှင့် အိမ်ထောင်မပြုရသေးတဲ့ အသက် ၂၁ အောက် သားသမီးများကို အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့လာနိုင်ရန် Form I-730, Refugee/Asylee Relative Petition တင်သွင်းပြီး ကိုယ်နဲ့ တူညီသော အကျိုးခံစားခွင့်များ ရရှိစေဖို့ ဆက်လက် လျှောက်ထားနိုင်ပါတယ်။

Previous