USIRD Connect

Form I-589 Instructions စာအုပ် အစီအစဉ်

ဒီ စာအုပ်ကို အပိုင်း ၂ ပိုင်း အဓိက ခွဲခြားပြီး လမ်းညွှန်ချက်တွေ တင်ပြထားပါတယ်။
- ပထမအပိုင်းမှာ Form I-589 ဖြည့်သွင်းခြင်း အကြောင်း ဆွေးနွေးထားပါတယ်။ ဒီခေါင်းစဉ်အောက်မှာ နိုင်ငံရေးခိုလှုံခွင့် ရရှိနိုင်ရန် စစ်ဆေးသုံးသပ်မှု စံနှုန်းများနှင့် လျှောက်လွှာပါ အချက်အလက်များ ဖြည့်သွင်းခြင်း၊ လျှောက်လွှာတင်သွင်းခြင်း လမ်းကြောင်းများကို တင်ပြထားပါတယ်။
- ဒုတိယအပိုင်းမှာ ကိုယ့်ရဲ့ လျှောက်လွှာကို USCIS က ဆက်လက် ကိုင်တွယ်မယ့် အဆင့်များအားလုံး ရှင်းပြထားပါတယ်။ ဒီခေါင်းစဉ် အောက်မှာ ကိုယ့်လျှောက်လွှာကို စစ်ဆေးနေစဉ် ရရှိနိုင်သော ယာယီ အကျိုးခံစားခွင့်များကို အကျယ်တဝင့် ရေးသားဖော်ပြထားပါတယ်။

ဒီ စာအုပ်မှာ ပါရှိတဲ့ ညွှန်ကြားချက်များကို ဂရုတစိုက်ဖတ်ရှုရန် တိုက်တွန်းပါတယ်။ ဒီညွှန်ကြားချက်များဟာ ကိုယ့်အတွက် လျှောက်လွှာတင်ခြင်း ပြီးမြောက်ရန်နှင့် ကိုယ့်လျှောက်လွှာရဲ့ ဖြတ်သန်းရမဲ့ လမ်းစဉ် အဆင့်ဆင့်ကို နားလည်စေရန် ကူညီပေးမှာ ဖြစ်ပါတယ်။ အကယ်၍ နိုင်ငံရေးခိုလှုံခွင့် စစ်ဆေးသုံးသပ်မှု စံနှုန်းများနှင့် သော်လည်းကောင်း၊ လျှောက်လွှာတင်ခြင်း ပြီးမြောက်ရန် အတွက်သော်လည်းကောင်း၊ ခိုလှုံခွင့်လုပ်ငန်းစဉ်အား လည်းကောင်း ပိုမိုနားလည်လိုပါက ရှေ့နေ့ သို့မဟုတ် အခြား ဥပဒေဆိုင်ရာ ကျွမ်းကျင်သူများနှင့် ဆွေးနွေးတိုင်ပင် နိုင်ပါတယ်။ ( Part I Section IV Right to Counsel အခန်းမှာ ထိုညွှန်ကြားချက်များ ရေးသားထားပါတယ်။)

Previous