USIRD Connect

သတိပေးချက်

လျှောက်ထားသူများရဲ့ Asylum (သို့မဟုတ်) Withholding of Removal အတွက် Application များကို Asylum Officer (သို့မဟုတ်) Immigration Judge မှ Grant မပေးပါက လျှောက်ထားသူဟာ နိုင်ငံမှ ပြည်နှင်ဒဏ် ခံရနိုင်ပါတယ်။ လျှောက်လွှာတင်ရာမှာ ဖြည့်ခဲ့တဲ့ အချက်အလက်များကိုတော့ ကိုယ်က Asylum ဆက် မလျှောက်ချင်တော့လို့ ပြန်လည်ရုပ်သိမ်းခဲ့လျှင်တောင် Removal Proceedings ပြည်နှင်ဒဏ် ခံရခဲ့လျှင် သက်သေအဖြစ် အစိုးရက အသုံးပြုသွားမှာ ဖြစ်ပါတယ်။
လျှောက်ထားသူများအနေနဲ့ Asylum Application တင်ရာမှာ အချက်အလက်အမှားတွေကို ရည်ရွယ်ချက်ရှိရှိ ဖြည့်သွင်းခဲ့ပါက Immigration and Nationality Act (INA) ဥပဒေ မှ အကျိုးခံစားခွင့်များ အတွက် ရာသက်ပန် Ineligible ဖြစ်သွားပါလိမ့်မယ်။ အကယ်၍ အခြားသူရဲ့ အကြံပေးချက်ကြောင့် အချက်အလက် အမှားတွေကို ဖြည့်သွင်းခဲ့ပါတယ်လို့ အကြောင်းပြချက် ပေးရင်တောင် ဒီဆုံးဖြတ်ချက်ကနေ ရှောင်လွှဲလို့ ရမှာမဟုတ်ပါဘူး။
လျှောက်ထားသူထံသို့ U.S Citizenship and Immigration Service (USCIS) မှ Appointment (သို့မဟုတ်) Biometrics အချက်အလက်များ တင်သွင်းဖို့ ခေါ်တဲ့အချိန်တွေမှာ လာရောက်ဖို့ ပျက်ကွက်ခဲ့တယ်ဆိုရင် Employment Authorization ရရှိဖို့ နှောင့်နှေးကြန့်ကြာမှု ဖြစ်စေနိုင်သလို Immigration Judge အနေနဲ့ “Applicant ဟာ Asylum ကို ဆက်လက် မလျှောက်ထားချင်တော့ဘူး ” လို့ ယူဆပြီး Case ကို ထုတ်ပယ်လိုက်တာမျိုး၊ Immigration Judge ဆီလွှဲပြောင်းပေးတာမျိုးတို့ ဖြစ်စေ နိုင်ပါတယ်။

Previous