USIRD Connect

I. Who may apply and filing deadlines?

အမေရိကန်နိုင်ငံအတွင်းသို့ ရောက်ရှိလာသူများ အနေနဲ့ (တရားမဝင် လာရောက်နေထိုင်သူများ အပါအဝင်) Immigration Status မည်သို့ပင် ရှိစေကာမူ နိုင်ငံရေးခိုလှုံခွင့် (Asylum) လျှောက်ထားနိုင်ပါတယ်။
လျှောက်ထားသူဟာ အမေရိကန်နိုင်ငံသို့ ရောက်ရှိပြီးချိန် ၁ နှစ်အတွင်း နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားရမှာ ဖြစ်ပါတယ်။ အကယ်၍ ၁ နှစ်အတွင်း မလျှောက်ထားဖြစ်ခဲ့ရင် ကိုယ်ရေးကိုယ်တာ (သို့မဟုတ်) နိုင်ငံရေး အခြေအနေ ပြောင်းလဲမှုကြောင့် နောက်ကျခဲ့တာဖြစ်ကြောင်း ခိုင်လုံတဲ့သက်သေ အထောက်ထား တင်သွင်းပြီးမှ လျှောက်ထားလို့ရမှာဖြစ်ပါတယ်။


Unaccompanied Alien Child (UAC)
“Unaccompanied Alien Child (UAC)” ဆိုတဲ့ စကားလုံးဟာ အမေရိကန် နိုင်ငံသားလည်း မဟုတ်သူ၊ အုပ်ထိန်းသူကလည်း အမေရိကန်နိုင်ငံထဲမှာ မရှိတဲ့အပြင်၊ တရားဝင် Immigration Status လည်းမရှိသော အသက် ၁၈ နှစ်အောက် ကလေးတစ်ယောက်ကို ရည်ညွှန်းတဲ့ Legal Term ဖြစ်ပါတယ်။ Asylum Division ရုံး အနေနဲ့ UAC ကလေးများရဲ့ Asylum Application နှင့် Immigration Judge ကကိုင်တွယ်နေတဲ့ UAC Withholding of Removal Case များအား ဆုံးဖြတ်ပိုင်ခွင့် အခွင့်အာဏာ ရှိပါတယ်။
ယခင်က ကိုယ့်ရဲ့ Asylum Case ကို Immigration Judge (သို့မဟုတ်) Board of Immigration Appeals (BIA) ထံမှ ငြင်းပယ်ခံရဖူးပါက အခု ထပ်လျှောက်ထားတဲ့ Case မှာ Asylum အတွက် Eligible ဖြစ်အောင် ပြောင်းလဲချက်များ ရှိထားကြောင်း ပြန်လည်တင်ပြရပါမယ်။
Asylum လျှောက်ထားခွင့် အောင်မြင်မှု ရှိမရှိဆိုတာ Immigration Officer ဆီမှာ Interview ဖြေပြီးချိန် (သို့မဟုတ်) Immigration Judge အရှေ့မှာ ကြားနာစစ်ဆေးပြီးတဲ့အချိန်မှ ဆုံးဖြတ်ပါတယ်။ Asylum လျှောက်ထားရန် အရည်အချင်း မပြည့်မီဘူးလို့ ယူဆရပါက Withholding of Removal Case အတွက် Immigration Court မှာ ဆက်လက် လျှောက်ထားနိုင်ပါသေးတယ်။

Previous