USIRD Connect

II. Basis of Eligibility

A. Asylum
Asylum Case အောင်ဖို့အတွက် လျှောက်ထားသူဟာ သူ့ရဲ့ မွေးရပ်နိုင်ငံမှာ ယခင်က
‌လူမျိုးရေး
‌ဘာသာရေး
‌နိုင်ငံသားဖြစ်မှု
နိုင်ငံရေးအယူအဆ
‌လူမှုရေး (သို့မဟုတ်) နိုင်ငံရေး အဖွဲ့အစည်းတစ်ခုခုတွင် ပါဝင်မှု
တို့ကြောင့် အတိတ်က မတရားညှဉ်းပန်းနှိပ်စက်ခံရခဲ့လို့ ဖြစ်စေ၊ နိုင်ငံကို ပြန်တဲ့အခါကျလျှင်လည်း ထပ်ပြီး နှိပ်စက်ခံရနိုင်တဲ့ အကြောင်းပြချက်ကြောင့်ဖြစ်စေ မိမိရဲ့မွေးရပ်နိုင်ငံကို ပြန်ဖို့မဖြစ်နိုင်ကြောင်း တင်ပြပေးရပါမယ်။

ဒီလိုလျှောက်ထားရာမှ Asylum အောင်သွားတဲ့သူတွေအနေနဲ့ ကိုယ့်ရဲ့အိမ်ထောင်ဖက်၊ သားသမီးများနဲ့အတူ အမေရိကန်မြေနိုင်ငံမှာ အလုပ်လုပ်ခွင့်နှင့် ဆက်လက် နေထိုင်နိုင်ခွင့် (တစ်နည်းအားဖြင့်) အမြဲတမ်း နေထိုင်နိုင်ခွင့် (Green Card) လျှောက်ထားနိုင်မှာဖြစ်ပါတယ်။
အကယ်၍ Asylum မအောင်ခဲ့ပါက Application Form ထဲမှာပါတဲ့ အချက်အလက်တွေကို သုံးပြီး Department of Homeland Security က ကိုယ့်ကို အမေရိကန်နိုင်ငံထဲမှ ထုတ်ပယ်ဖို့ ပြင်ဆင်မှာ ဖြစ်ပါတယ်။

B. Withholding of Removal
Immigration and Nationality Act (INA) ရဲ့ Section 241 (b)(3) မှာ ပြဌာန်းထားတဲ့ Amendment အရ သော်လည်းကောင်း၊ Convention Against Torture အရ သော်လည်းကောင်း၊ ကိုယ့်ရဲ့ Asylum Application Form ဟာ ကိုယ့်ကို အမေရိကန်နိုင်ငံအတွင်းမှ ဖယ်ရှားမခံရအောင် ကာကွယ်ပေးနိုင်တဲ့ Withholding of Removal အတွက် လျှောက်လွှာ တစ်စောင်လည်း ဖြစ်နေပါတယ်။ ကိုယ်ဟာ မွေးရပ်မြေပြန်တာနဲ့ နှိပ်စက်ခံရနိုင်တယ်ဆိုတဲ့ သက်သေအထောက်အထား ခိုင်ခိုင်မာမာ ရှိပြီးသားဆိုရင် Asylum Application ရဲ့ ပထမစာမျက်နှာ ထိပ်ဆုံးမှာရှိတဲ့ box လေးကို အမှန်ခြစ်ခြစ်လိုက်ပါက ဒီ Application Form ဟာ Withholding of Removal အတွက်ပါ လျှောက်ထားတဲ့ Application Form ဖြစ်သွားပါပြီ။ အကယ်၍ Asylum Application မအောင်မြင်ခဲ့ရင်တောင်မှ Withholding Of Removal ဆက်လက်လျှောက်ထားခွင့် ရှိပါတယ်။

လျှောက်ထားတဲ့သူတွေအနေနဲ့
Nazi Persecution နဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေမှာ ပါဝင်ခဲ့ဖူးရင်
တခြားလူတစ်ယောက်ယောက်ကို နှိပ်စက်ခဲ့ဖူးရင်
အမေရိကန်လူ့အဖွဲ့အစည်းအပေါ် အန္တရာယ်သက်ရောက်စေတဲ့ ပြစ်မှုကျူးလွန်ခဲ့ဖူးရင်
အမေရိကန်နိုင်ငံပြင်ပမှာ နိုင်ငံရေးကြောင့်မဟုတ်တဲ့ အခြားပြစ်မှုတစ်ခုခု ကျူးလွန်ခဲ့ဖူးရင်
အမေရိကန်နိုင်ငံရဲ့ နိုင်ငံရဲ့လုံခြုံရေးကိုထိခိုက်စေနိုင်ရင်
ဘယ်လိုပဲ Withholding of Removal လျှောက်လျှောက် Approval ရနိုင်မှာ မဟုတ်ပါဘူး။

Withholding of Removal under Section 241(b)(3) of the INA
Withholding of Removal လျှောက်ထားမှု အောင်မြင်ဖို့ဆိုရင် လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံသားရေး စတဲ့အကြောင်းအရင်းတွေကြောင့် မွေးရပ်နိုင်ငံကို ပြန်ရင် အသက်အန္တရာယ်ရှိနိုင်ကြောင်း ခိုင်ခိုင်မာမာ သက်သေပြရပါမယ်။ မွေးရပ်မြေကို ပြန်လို့မရဘူး ဆိုတဲ့အတွက်ကြောင့် မွေးရပ်မြေကလွဲပြီး အခြားနိုင်ငံတစ်ခုခုဆီကို ရွှေ့ပြောင်းခံရနိုင်ချေ ရှိပါတယ်။
သတိပြုရမယ့်တစ်ချက်က Withholding of Removal က အိမ်ထောင်ဖက်နဲ့ သားသမီးများဆီကို ဆင့်ကဲလွှဲပြောင်းပေးဖို့ မဖြစ်နိုင်ပါဘူး ၊ တစ်ယောက်ချင်းဆီက ကိုယ်ပိုင်သီးသန့်လျှောက်လွှာတွေ တင်ရမှာဖြစ်ပါမယ်။
Withholding of Removal ရရှိထားသူတွေဟာ အမြဲတမ်း နေထိုင်ခွင့် Green Card လျှောက်ထားလို့မရသလို ဆွေမျိုးတွေကိုလည်း အမေရိကန်နိုင်ငံဆီသို့ ခေါ်ယူနိုင်ခွင့် မရှိပါဘူး။

Withholding of Removal under the Convention against Torture
Convention Against Torture ဆိုတာ ကမ္ဘာ့ကုလသမဂ္ဂရဲ့ Convention Against Torture and Other Cruel, Inhuman, or Degrading Treatment or Punishment ကိုရည်ညွှန်းပါတယ်။
အမေရိကန်ဥပဒေမှာ ကျင့်သုံးတဲ့အတိုင်း Convention Against Torture ရဲ့ Article 3 မှာ Witholding of Removal ပေးဖို့ဆိုရင် ကိုယ့်နိုင်ငံထဲပြန်တဲ့အခါ Torture ခံရနိုင်ချေရှိကြောင်း သက်သေပြနိုင်ရပါမယ်။
"Torture" ဆိုတဲ့ စာလုံးရဲ့ အဓိပ္ပါယ်ကို 8 CFR sections 208.18(a) နဲ့ 1208.18(a) မှာ ရှင်းလင်းထားပါတယ်။ Torture ဆိုတာ လူတစ်ဦးတစ်ယောက်အပေါ် ရည်ရွယ်ချက်ရှိရှိ အတိုင်းထက်အလွန် ရက်စက်ယုတ်မာမှု၊ လူသားမဆန်မှု၊ ပြင်းထန်စွာ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်စေမှုတို့ကို ရည်ညွှန်းတာဖြစ်ပါတယ်။

Withholding of Removal under the Convention against Torture
Torture ဆိုတာ
လူတန်းစားခွဲခြားမှုကြောင့်ဖြစ်စေ၊
ခြိမ်းခြောက် ခိုင်းစေချင်လို့ဖြစ်စေ၊
ကိုယ်(သို့မဟုတ်) အခြားသူတစ်ယောက်ရဲ့ အချက်အလက်ကို လိုချင်တဲ့ရည်ရွယ်ချက်နဲ့ဖြစ်စေ၊
ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်တစ်ခုခု‌ကြောင့်ဖြစ်စေ၊
အခြားသူတစ်ယောက်က ကျူးလွန်ခဲ့တဲ့ ပြစ်မှုအတွက် ဖြစ်စေ၊
ခြောက်လှန့်ခံရခြင်း၊ အပြစ်ပေးခံရခြင်းကို ရည်ညွှန်းပါတယ်။
ဒီလို လျှောက်ထားရာမှာ ကိုယ့်ပေါ်ကျူးလွန်တဲ့ Torture ဟာ အစိုးရကနေလက်ခံထားတာ (သို့မဟုတ်) စီစဉ်ထားတာဖြစ်ပြီး အစိုးရဝန်ထမ်းကိုယ်တိုင်က ညှဉ်းပန်းနှိပ်စက်တာ ဖြစ်ရပါမယ်။ ဒါ့အပြင် နှိပ်စက်သူရဲ့ အခန်းပိတ်၊ ထောင်ချတာခံခဲ့ရဖို့ လိုအပ်ပြီး ဥပဒေကြောင်းအရ အပြစ်ပေးခံရတာတွေဟာ Torture အောက်မှာ အကျုံးဝင်ပါဘူး။

Immigration Judge ကို ကိုယ်က Withholding of Removal Against Torture လျှောက်ထားချင်တယ်လို့ ပြောပြပြီးတော့ Form I-589 မှတစ်ဆင့် ထပ်တိုး လျှောက်ထားနိုင်သလို သက်သေပေါ်မူတည်ပြီး အမိမြေမှာ နှိပ်စက်ခံရမယ်လို့ ဆုံးဖြတ်ချက်ချခံရပါကလည်း Withholding of Removal ရမှာဖြစ်ပါတယ်။
Torture နဲ့ ပတ်သက်တဲ့ Details တွေကို Part B ရဲ့ Question 4 မှာဖြည့်နိုင်ပါတယ်၊ ဒီနေရာမှာ အစိုးရက မတရားခြိမ်းခြောက်မှုတွေ၊ ညှဉ်းပန်းမှုတွေ အကြောင်းကို အသေးစိတ် ရေးပေးရပါမယ်။
Immigration Judge တွေနဲ့ Board of Immigration Appeal လို့ခေါ်တဲ့ BIA အဖွဲ့တို့သာလျှင် Convention of Torture အရ Withholding of Removal အောင်မအောင်ဆိုတာကို အဆုံးအဖြတ်ပေးနိုင်မှာ ဖြစ်ပါတယ်။

C. Deferral of Removal Under the Convention Against Torture
Deferral of Removal ဆိုတာ လျှောက်ထားသူက Withholding of Removal မအောင်ပေမယ့် နိုင်ငံကိုပြန်ရရင်တော့ နှိပ်စက်ခံရမှာ သေချာတယ်ဆိုရင် တရားဝင် Immigration Status တစ်ခုခု မရှိရင်တောင်မှ ချက်ချင်း နှင်ထုတ်မခံရသေးပဲ အမေရိကန်နိုင်ငံမှာ ဆက်လက်နေထိုင်ဖို့ ဖန်တီးပေးထားတာဖြစ်ပါတယ်။ ကိုယ့်နိုင်ငံကို ပြန်တဲ့အခါ Torture မရှိလောက်တော့ဘူးလို့ သတ်မှတ်နိုင်တဲ့ အချိန် ကျရင်တော့ Terminate လုပ်ပြီး ကိုယ့်နိုင်ငံကို ပြန်ပို့ခံရမှာ ဖြစ်ပါတယ်။

Previous