IV. Right to Counsel

Asylum ၊ Withholding of Removal ၊ Deferral of Removal စသော Case များနှင့် ပတ်သက်တဲ့ Immigration Law တွေဟာ ရှုပ်ထွေးပါတယ်။ Asylum Interview နှင့် Immigration Court မှာ တရားရုံးရင်ဆိုင်နေရသူဟာ US အစိုးရကို ငွေအကုန်အကျ မရှိစေဘဲ တရားဝင် ဥပဒေအကြံပြုပုဂ္ဂိုလ် Representation ထားပိုင်ခွင့်ရှိပါတယ်။
Application Form တင်တဲ့အချိန်မှာ ဖြစ်စေ၊ Statement ရေးပြီး ပြင်ဆင်နေတဲ့ အခြေအနေမှာဖြစ်စေ၊ Voluntary Agency တွေ၊ Free or Low-Cost Attorney တွေဆီမှ အခကြေးငွေ အနည်းဆုံးနဲ့ အကူအညီရနိုင်ပါတယ်။
USCIS သို့မဟုတ် Immigration Court ဆီမှ Accredited Representative & Attorney List မရသေးဘူးဆိုရင် Department of Justice (DOJ) Website မှဖြစ်စေ Executive Office for Immigration Review (EOIR) Website မှဖြစ်စေ ရယူနိုင်ပါတယ်။
Representatives of the United Nations High Commissioner for Refugees (UNHCR) ကလည်း ဘယ်သူတွေက အကူအညီပေးနိုင်တယ် ဆိုတာကို ကူညီရှာဖွေပေးနိုင်ပါတယ်။ UNHCR ရဲ့ Website မှာ ဖြစ်ဖြစ် www.refworld.org Website မှာဖြစ်ဖြစ် နိုင်ငံတစ်နိုင်ငံချင်းစီရဲ့ အခြေအနေတွေ နောက်ဆုံးသတင်းတွေကို ရယူနိုင်ပါတယ်။ UNHCR ကို ဆက်သွယ်ရမယ့် လိပ်စာကတော့
United Nations High Commissioner for Refugees
1800 Massachusetts Avenue NW, Suite 500
Washington, DC 20036
Telephone: 202-296-5191
Email: [email protected]
Website: www.unhcr.org
ဖြစ်ပါတယ်။

Previous