USIRD Connect

VI. Required Documents That You must Submit with Your Application

Asylum နဲ့ Withholding of Removal လျှောက်ထားတဲ့နေရာမှာ မဖြစ်မနေတင်ရမယ့် စာရွက်စာတမ်းတွေက
- အချက်အလက် ပြည့်စုံစွာ ဖြည့်ထားသော Original Copy I-589 Form နဲ့အတူ အခြား Supplement Document / Statement များ
- မိမိနှင့် တော်စပ်သူများနဲ့ ပတ်သက်သော တရားဝင် စာရွက်စာတမ်း အထောက်အထားမိတ္တူများ (မွေးစာရင်း၊ လက်ထပ်စာချုပ် စသည်)
- Passport နှင့် အခြား Travel Document များ (e.g. I-94) မိတ္တူတစ်စောင်
တခြား ကိုယ်ရေးအထောက်အထား အချက်အလက်များ (မှတ်ပုံတင်၊ ယာဉ်မောင်းလိုင်စင် စသည့် စာရွက်စာတမ်း မိတ္တူ) တို့ပဲဖြစ်ပါတယ်။

ဒီ Application Form မှာတင်ပြရမယ့် Document တွေဟာ မိတ္တူ တွေပဲဖြစ်ရပါမယ်၊ Original Document တွေ တင်မိခဲ့ရင်တော့ USCIS (သို့မဟုတ်) Immigration Court က Record တစ်ခုအနေနဲ့ သိမ်းထားပေးပါလိမ့်မယ်။ တင်တဲ့ Document တွေက တခြားဘာသာစကားနဲ့ ရေးထားတာ ဖြစ်နေတယ်ဆိုရင်တော့ English ဘာသာဖြစ်အောင် မှန်မှန်ကန်ကန် တိတိကျကျပြန်ဆိုပေးနိုင်ရပါမယ်။
Asylum Application Form Document တစ်ခုလုံးရဲ့ မိတ္တူကိုလည်း သက်သေအနေနဲ့ သိမ်းထားပြီး Asylum Interview အတွင်းသို့ ယူဆောင်လာသင့်ပါတယ်။

Previous