USIRD Connect

VII. Additional Evidence That You must Submit

Asylum Application အတွက် အချက်အလက်တင်ပြတဲ့အခါမှာ
ကိုယ့်မွေးရပ်နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေရဲ့ ယေဘုယျအခြေအနေတွေနဲ့
ကိုယ် Asylum လျှောက်ထားရမယ့် အကြောင်းအရင်းကို အထောက်အပံ့ပေးတဲ့ သက်သေတွေကို
ခိုင်ခိုင်မာမာတင်ပြရပါမယ်။
အထောက်အပံ့ပေးတဲ့ Document ဆိုတဲ့နေရာမှာ သတင်းစာဆောင်းပါးတွေ၊ ဆေးပညာရှင်တွေ၊ တခြားပညာရှင်တွေရဲ့ ကောက်နုတ်ချက်တွေ၊ စာအုပ်တွေ၊ ဓာတ်ပုံတွေနဲ့ Personal Statement တွေ၊ မျက်မြင်သက်သေတွေပါ ပါဝင်နိုင်ပါတယ်။
သက်သေအထောက်အထားတွေ အခုတင်ပြဖို့ မဖြစ်နိုင်သေးဘူးဆိုရင် ဘာကြောင့် မဖြစ်နိုင်တာဆိုတဲ့ အကြောင်းအရင်းကို Form I-589 Supplement B မှာ တစ်ခါတည်း တင်ပြဖို့လိုအပ်ပါတယ်။

Previous