IX. Biometrics, Including Fingerprints and Photographs

Asylum လျှောက်ထားသူတွေနဲ့အတူ အိမ်ထောင်ဖက်နဲ့ သားသမီးများဟာ Department of Homeland Security, Department of Justice နဲ့ Department of State တို့မှာ သိမ်းဆည်းထားတဲ့ အချက်အလက်တွေနဲ့ Background Check လုပ်ဖို့အတွက် Biometrics Record တွေထည့်သွင်းဖို့ လိုအပ်ပါတယ်။
Fingerprint နှိပ်ဖို့နဲ့ ဓာတ်ပုံရိုက်ဖို့အတွက် Application Support Center ဆီကိုသွားရမယ့် အချိန်နဲ့ လိပ်စာကို USCIS မှ အကြောင်းကြားပေးမှာ ဖြစ်ပါတယ်။
USCIS က ဒီလို Schedule လုပ်ပေးထားတဲ့ Appointment မှာ မရောက်လာနိုင်ဘူးဆိုရင် ကိုယ့်အတွက် Asylum Interview ရဖို့ နဲ့ Employment Authorization ရဖို့ အချိန်တွေ ပိုပြီးကြန့်ကြာသွားမှာ ဖြစ်ပါတယ်၊ ဒီလိုမျိုးအချိန်ကြာတာက အတိုင်းအတာတစ်ခု ကျော်လွန်သွားပြီဆိုရင်တော့ Asylum Application ပယ်ချခံရတာ၊ Employment Authorization ငြင်းပယ်ခံရတာမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။

Previous