XI. Incomplete Asylum Application

ပြည့်ပြည့်စုံစုံမဖြည့်ထားတဲ့ Asylum Application တွေ ကို USCIS က ရရှိပြီး ရက်ပေါင်း ၃၀ အတွင်းပြန်ပို့မှာဖြစ်ပါတယ်၊ ရက်ပေါင်း ၃၀ ကျော်လို့မှ စာပြန်ပို့ခံရတာ မရှိဘူးဆိုရင် ကိုယ့်ရဲ့ Application Form က Complete ဖြစ်တယ်လို့ ပြောလို့ရပါတယ်။
Asylum Application Form က Complete ဖြစ်မှသာလျှင် Employment Authorization ရဖို့ ရက်ပေါင်း ၁၅၀ ကို စပြီး ရေတွက်လို့ရမှာဖြစ်ပါတယ်။ Incomplete Form ဖြစ်လို့ ပြန်ပို့ခံရတဲ့အချိန်မှာ ရက်ပေါင်း ၁၅၀ စမှာ မဟုတ်သေးပါဘူး၊ ပြည့်ပြည့်စုံစုံပြန်တင်ပြီးတဲ့အချိန်မှာမှ ရက်ပေါင်း ၁၅၀ စမှာဖြစ်ပါတယ်။
Application ဟာ
- Form I-589 မှာ မဖြည့်မိတဲ့နေရာရှိရင်
- Application က Sign မထိုးထားရင်
- Part D မှာ တခြားသူတစ်ယောက်ယောက်ရဲ့ အကူအညီနဲ့ လျှောက်တယ်လို့ ဖြည့်ခဲ့ပေမယ့် ပြင်ဆင်ပေးခဲ့သူဟာ Part E မှာ ဖြည့်စွက်ရန် ကျန်ရှိမှု စတဲ့ အကြောင်းရင်းတွေကြောင့် Incomplete လို့သတ်မှတ်ခံရမှာ ဖြစ်ပါတယ်။

Previous