USIRD Connect

XII. Where to File?

USCIS က လျှောက်ထားသူရဲ့ Application Form ကို လက်ခံရရှိကြောင်း ပို့ပေးမှာဖြစ်ပေမယ့် အကယ်၍ ကိုယ်က record တစ်ခုအနေနဲ့ သီးသန့် သိမ်းထားချင်တယ်ဆိုရင် Registered Mail မှ Form ပို့ပြီး Receipt တောင်းယူ လို့ရပါတယ်။
အကယ်၍ လျှောက်ထားသူဟာ Immigration Court ရဲ့ တရားခွင်ထဲ မရောက်နေခဲ့ရင် ဒါမှမဟုတ် BIA ရုံးထဲမရောက်နေဘူးဆိုရင် I-589 Form နဲ့ တခြား အချက်အလက်တွေ အားလုံးကို USCIS Website ထဲမှာ ဖော်ပြထားသလို Mail ပို့နိုင်ပါတယ်။
Unaccompanied Alien Child (UAC) မဟုတ်တဲ့သူ တစ်ယောက်အနေနဲ့ Form I-221, I-122, I-862, I-863 စတဲ့ Form တွေကြောင့် Immigration Court ရဲ့ Proceeding ထဲ ရောက်နေတယ်ဆိုရင် ကိုယ့်ရဲ့ Case အတွက် Form I-589 ကို Immigration Court မှာ မဖြစ်မနေ တင်ပေးရပါမယ်။
Master Calendar Hearing ကျရင် DHS မှ ရှေ့နေက ကိုယ့်အနေနဲ့ USCIS ကို ပေးပို့ရမယ့် Biometrics နဲ့ Biographical အချက်အလက်တွေအကြောင်း တင်ပြညွှန်ကြားပါလိမ့်မယ်။ Immigration Judge ဆီမှာ ထောက်ခံချက်ရရှိနိုင်ဖို့ ကိုယ့်ရဲ့ Form I-589 ကို Immigration Court နှင့် U.S. Immigration and Customs Enforcement (ICE) Office of the Chief Counsel တို့နဲ့တင်တာအပြင်
- ဖြည့်ထားပြီးသား I-589 ရဲ့ အရှေ့ဆုံး ၃ မျက်နှာ
- G-28 မိတ္တူတစ်စောင် (Notice of Entry of Appearance as Attorney or Accredited Representative)
- ပထမဆုံး Master Calendar တရားခွင်မှာ ရခဲ့တဲ့ DHS counsel ကချမှတ်ပေးထားတဲ့ Instructions စာရွက်တွေကို
Nebraska Service Center ဆီသို့ ပေးပို့ရမှာဖြစ်ပါတယ်။

USCIS Nebraska Service Center
Defensive Asylum Application with Immigration Court
P.O. Box 87589
Lincoln, NE 68501-7589

USCIS Nebraska Service Center က ဒီ စာရွက်စာတမ်း ၃ ခုလုံးကို ရပြီးပြီ ဆိုတာနဲ့

1. USCIS က ကိုယ်တင်ခဲ့တဲ့ Form I-589 ကို လက်ခံရရှိပြီးကြောင်း ပြန်ပေးတဲ့ Receipt နဲ့
Application Support Center (ASC) က လျှောက်ထားသူ၊ အိမ်ထောင်ဖက်နဲ့ သားသမီးများကို Unique Receipt Number တွေထုတ်ပေးပြီး အနီးအနားက ASC Office တွေမှာ Fingerprint နှိပ်ဖို့ Biometrics Appointment ချပေးတဲ့စာ တို့ကိုလက်ခံရရှိမှာ ဖြစ်ပါတယ်။

2. ကိုယ့်ရဲ့ Master Calendar Hearing မှာ DHS ရှေ့နေက လမ်းညွှန်ခဲ့တဲ့ အတိုင်း Removal Proceeding ထဲ ရောက်နေစဉ် ကာလအတွင်း အခြား Forms of Relief များကို လျှောက်ထား ခဲ့ပါက Receipt Number ၂ ခုနဲ့ Notice File ၂ ခု လက်ခံရရှိမှာ ဖြစ်ပါတယ်။ ဤ Scheduling Notice ၂ ခုလုံးကို ASC Biometrics Appointment ရက်ချိန်းဆီသို့ ယူဆောင်သွား‌ရမှာ ဖြစ်ပါတယ်။

လျှောက်ထားသူ၊ အိမ်ထောင်ဖက်နဲ့ သားသမီးများဟာ
- ASC က ချမှတ်ပေးတဲ့ Biometrics Appointment ကိုသွားပြီးတော့ Biometrics Confirmation ကို တစ်ခါတည်းယူခဲ့ရပါမယ်
- ယခု ရရှိခဲ့တဲ့ Biometrics Confirmation ကို ဆက်လက်သိမ်းထားပြီးတော့ နောက် Immigration Court တွေကို ယူလာရပါမယ်။

Receipt Notice နဲ့ ASC Scheduling Appointment ရဖို့အတွက် USCIS Nebraska Service Center ဆီကို ကိုယ့် Asylum Application ရဲ့ ပထမဆုံး ၃ မျက်နှာ မိတ္တူကိုပို့ပေးရပါမယ်။ အကယ်၍ ဒီလမ်းညွှန်ချက်တွေမှာ အပြောင်းအလဲ ရှိဖြစ်ခဲ့မယ်ဆိုရင် ပြောင်းလဲသွားတဲ့ အချက်တွေကို Master Calendar Hearing မှာဖြစ်စေ နောက်ထပ်လာမယ့် Immigration Court Proceeding တွေမှာဖြစ်စေ ပြန်လည်အသိပေးမှာ ဖြစ်ပါတယ်။ လမ်းညွှန်ချက်တွေအတိုင်း လိုက်နာဖို့ အရေးကြီးပါတယ်၊ မလိုက်နာခဲ့ပါက ကိုယ့်ရဲ့ ASC Biometric Scheduling Notice ရရှိဖို့အတွက် ကြန့်ကြာစေနိုင်ပါတယ်။

Immigration Court က ဆုံးဖြတ်ချက်ပေးလိုက်တဲ့ Exclusion, Deportation and Removal Proceedings ပြီးတော့မှ Motion To Reopen လျှောက်ချင်တယ်ဆိုရင် ဒီဆုံးဖြတ်ချက်မချခင် တရားစီရင်နေတုန်းမှာ ဘာလို့ Asylum မလျှောက်ဖြစ်ခဲ့လဲ ဆိုတာကို အကြောင်းပြချက်ကောင်းကောင်း ပေးရမှာ ဖြစ်ပါတယ်။
လျှောက်ထားသူရဲ့ Case က တရားဝင် Process ထဲရောက်ပြီဆိုရင်တော့ I-863 Form ( Notice of Referral to Immigration Judge) ကို ရရှိမှာ ဖြစ်ပြီး Immigration Judge ကသာလျှင် ကိုယ့်အတွက်ဆုံးဖြတ်ချက်တွေ ချပိုင်ခွင့်ရှိမှာဖြစ်ပါတယ်။

Special Filing Instructions for an Unaccompanied Alien Child
ကလေးငယ်တစ်ယောက်အနေနဲ့ နိုင်ငံမှနှင်ထုတ်ခံရနိုင်တဲ့ အခြေအနေမှာရှိနေပြီး UAC အနေနဲ့ လျှောက်ထားချင်တယ် ဆိုရင် USCIS Website ထဲမှာဖော်ပြထားတဲ့နည်းအတိုင်း Application Package တင်ရမှာ ဖြစ်ပါတယ်။
Immigration Court တရားခွင်မှာ DHS Counsel ကပေးတဲ့ Instruction Sheet ကို ရရှိပြီးရင် ဒါမှမဟုတ် ကိုယ့်ကို Department of Health and Human Services, Office of Refugee Resettlement (ORR) ရုံးတွေက UAC အဖြစ်ရှိနေခဲ့ကြောင်းသက်သေပြနိုင်ခဲ့ရင် (UAC Initial Placement Referral Form or the ORR Verification of Release Form တွေရှိနေခဲ့ရင်) ဒီ File များကိုလည်း Application Package ဆိုပြီးတခါတည်း တင်ပေးရပါမယ်။

Special Filing Instructions for an Unaccompanied Alien Child
UAC တစ်ယောက်ဖြစ်ပေမယ့် နိုင်ငံမှ Removal Proceeding လုပ်ခံရတဲ့ အဆင့်အထိမရောက်သေးဘူးဆိုရင် ကိုယ့်ရဲ့ Form I-589 ကို Immigration Court ရဲ့ Proceeding ထဲ မရောက်သေးသော ၊ BIA ရုံးရှေ့ မရောက်သေးသောသူတွေ အတွက်ရည်ညွှန်းထားတဲ့ Asylum Package Instruction အတိုင်းတင်ရမှာ ဖြစ်ပါတယ်။ Asylum Office တွေရဲ့တည်နေရာနဲ့ ဘယ်လို အနေအထားမျိုးမှာ Asylum တင်ဖို့လိုအပ်မယ်ဆိုတဲ့အကြောင်းကို USCIS Website ထဲမှာ တရားဝင်ဖော်ပြထားပါတယ်။
အကယ်၍ ကိုယ်က Board of Immigration မှာ အယူခံမဝင်ခင် ပြင်ဆင်နေဆဲကာလ အတွင်း ရှိနေလျှင် - ကိုယ့်ရဲ့ ခိုလှုံခွင့် လျှောက်လွှာ (Form I-589) ကို ပြန်လည်စဉ်းစားရန် သို့မဟုတ် ကိုယ့်အမှုကို ပြန်လည်ဖွင့်ရန် တောင်းဆိုချက်နှင့်အတူ တင်သွင်းနိုင်ပါတယ်။ ကိုယ့်အမှုနှင့် ပတ်သက်ပြီး Board of Immigration က တရားစီရင်ပိုင်ခွင့်ရှိပါက ၄င်းတို့ထံသို့သာ Form I-589 အသစ်ကို ထပ်မံ တင်သွင်းနိုင်ပါတယ်။ မည်သည့် အဆိုပြုချက်မဆို အမှုမပြီးမီတွင် Asylum ခိုလှုံခွင့်တောင်းခံရန် ပျက်ကွက်မှုအား ကျိုးကြောင်းဆီလျော်စွာ ရှင်းပြရပါမယ်။

USCIS Asylum Office မှာ Interview မရနိုင်မယ့်လူတွေက -
1. Alien Crewmember များ
2. ခိုးဝင်လာသူများ
3. Visa Waiver Program applicant များ
4. Visa Waiver Program Overstay နေသူများနှင့် Status ချိုးဖောက်သူများ
5. Section 235 (c) of INA on security grounds အရ နိုင်ငံအတွင်းမှဖယ်ရှားခံရဖို့ Order ကျပြီးသား Alien များ
6. Section 101 (a) (15) (S) အရ S Non-immigrant Visa ရရှိပြီးသူများ ဖြစ်ပါတယ်။

အထက်ပါ Special Category ထဲပါဝင်ပြီး USCIS နဲ့ asylum တင်ထားတဲ့သူတွေဟာ I-863 ဆိုတဲ့ Form တစ်ခုရရှိမှာဖြစ်ပါတယ်။ အဆိုပါ Form ဟာ ၎င်းတို့ကို အမေရိကန်နိုင်ငံထဲမှာ နေခွင့်ရမရကို တရားသူကြီးမှဆုံးဖြတ်မယ့် Immigration Court ကိုသွားခိုင်းတဲ့ Form တစ်ခုဖြစ်ပါတယ်။

အကယ်လို့ အထက်ပါ Special Category ထဲပါပေမယ့် I-583 Form ကိုမရသေးဘူးဆိုရင် ကိုယ့် State ပေါ်မူတည်ပြီး သက်ဆိုင်ရာ USCIS Office ဆီကို ပြည့်စုံစွာဖြည့်ထားတဲ့ I-589 Form တင်ရပါမယ်။ ထို့နောက် Asylum Office Director မှ ကိုယ့်ရဲ့ Application ကိုသုံးသပ်ပြီး အကယ်လို့ I-863 Form ပေးခဲ့ရင် ကိုယ့်ကို အမေရိကန်နိုင်ငံထဲမှာ နေခွင့်ရမရကို တရားသူကြီး မှဆုံးဖြတ်မယ့် Immigration Court ကိုသွားခိုင်းမှာ ဖြစ်ပါတယ်။
Alien Crewmember တွေအနေနဲ့ ရောက်ပြီး ၁၀ ရက်အတွင်း ICE ထံသို့ I-589 Form တင်ဖို့ အခွင့်အရေးရှိပါမယ်၊ ၁၀ ရက်ထက် ပိုလိုအပ်ခဲ့ရင် အကြောင်းပြချက်ကောင်းကောင်း ပေးနိုင်ပါက ရက်တိုးပေးမှာဖြစ်ပြီး ကိုယ့် Application ကိုတင်ပြီးတာနဲ့ ICE Office Director မှ Form I-863 ထုတ်ပေးပြီး သက်ဆိုင်ရာ Immigration Court ကိုလွှဲပေးမှာဖြစ်ပါတယ်။

Previous