USIRD Connect

PART 2 INFORMATION REGARDING POST FILING REQUIREMENTS: I. Notification Requirements When Your Address Changes

I. Notification Requirements When Your Address Changes

Asylum Application တင်ထားတဲ့အချိန်အတွင်းမှာ အိမ်ပြောင်းဖြစ်ခဲ့ရင် 10 ရက်အတွင်း USCIS ကို အကြောင်းကြားဖို့ လိုအပ်ပါတယ်။
AR-11 Form (Alien's Change of Address Card) တင်ပြီး Asylum Office ကို အိမ်လိပ်စာပြောင်းသွားကြောင်း လက်မှတ်ထိုး ရှင်းပြပြီး အကြောင်းကြားရပါမယ်။ ဒါမှသာ ပြောင်းသွားတဲ့အိမ်လိပ်စာကိုပဲ Mail ပို့ပြီး ဆက်သွယ်မှာ ဖြစ်ပါတယ်။
Mail အများစုကိုတော့ အဆိုပါ လိပ်စာကိုပို့မှာဆိုပေမယ့် I-221, I-122, I-860, I-862 နဲ့ I-863 တို့လို Personal Service လိုအပ်တဲ့ စာတွေကိုတော့ ကိုယ့်ဆီကိုတိုက်ရိုက်ပေးပို့မှာဖြစ်ပါတယ်။

Immigration Court ရဲ့ Proceeding ထဲရောက်ရှိနေတဲ့သူဆိုရင် ပထမအဆင့်အနေနဲ့ EOIR Form 33/ IC လို့ခေါ်တဲ့ Change of Address/ Immigration Court ဆိုတဲ့ Form မှတစ်ဆင့် လိပ်စာပြောင်းပြီး ၅ ရက်အတွင်း အကြောင်းကြားဖို့ လိုအပ်ပါတယ်။
ဒီအကြောင်းကြားစာကို ကိုယ့်အမှုကိုကိုင်တွယ်နေတဲ့ Immigration Court ဆီ ပို့ပေးရမှာ ဖြစ်ပါတယ်။
နောက်တစ်ဆင့်ကတော့ Form AR-11လို့ခေါ်တဲ့ Alien’s Change of Address Card ဆိုတဲ့ Form ကိုဖြစ်စေ လက်မှတ်ထိုး ရက်စွဲတပ်ထားသော လိပ်စာပြောင်းကြောင်း အသိပေးသည့်စာ ကိုဖြစ်စေ USCIS ကို ၁၀ ရက်အတွင်းပေးပို့ရမှာဖြစ်ပါတယ်။

Previous