USIRD Connect

II. Asylum Interview Process

Immigration Court သို့မဟုတ် Board of Immigration Appeals အဖွဲ့ များရဲ့ လက်ရှိတရားခွင်များမှာ မပါဝင်တဲ့ လျှောက်ထားသူများကို USCIS Asylum Office က Appointment Interview ရဲ့ အချိန်၊ ရက်စွဲနဲ့ တည်နေရာ (လိပ်စာ) ကို အသိပေးပါလိမ့်မယ်။
Asylum Interview ကို တက်ရောက်တဲ့အခါ I-589 Form ရဲ့ မိတ္တူကို ယူဆောင်လာဖို့ USCIS မှအကြံပြုထားပါတယ်။ Interview ကာလအတွင်းမှာ Asylum Officer က ကိုယ့်ရဲ့တောင်းဆိုချက်ကို အကဲဖြတ်ဖို့နဲ့ ဆုံးဖြတ်ချက်ချဖို့ အတွက် ကျမ်းသစ္စာကျိန်ဆိုမှုတစ်ခုနဲ့ မျှမျှတတဆုံးဖြတ်မှာ ဖြစ်ပါတယ်။ အများသောအားဖြင့် ကိုယ့် Case အတွက် Decision ကို Interview ပြီးတဲ့ နောက်နေ့များအထိ ရဦးမှာ မဟုတ်သေးပါဘူး။
Interview ဖြေနေစဉ်မှာ ကိုယ့်ဘက်က Legal Representation ကို U.S အစိုးရအားပိုက်ဆံမကုန်ကျစေခဲ့ရင် ရယူခွင့်ရှိပါတယ်။ ထို့အပြင် ကိုယ့်ဘက်ကသက်သေထူပေးမယ့် သူတွေကိုလဲ Interview ကိုခေါ်ဆောင်လာခွင့်ရှိပါတယ်။
အကယ်လို့ Asylum Interview မှာ ကိုယ်က English စကားသေချာမပြောတတ်ဘူးဆိုရင် ကိုယ်ကျွမ်းကျင်တဲ့ဘာသာစကားကနေ Interviewer ကို English လိုသေသေချာချာဘာသာပြန်ပေးမယ့်သူကို USCIS အားပိုက်ဆံမကုန်ကျစေခဲ့ဘဲ ကိုယ့်ဘာသာ ငှါးရမ်းနိုင်ပါတယ်။
ကိုယ်နဲ့ Asylum Interviewer ကြားမှာ ဘာသာပြန်ပေးမယ့်သူဟာ အနည်းဆုံး အသက် ၁၈ နှစ်ပြည့်ပြီးရပါမယ်။ ဒါပေမယ့် အသက် ၁၈ နှစ်ပြည့်ပြီး ဘာသာပြန်လုပ်ခွင့်မရှိတဲ့သူတွေရှိပါသေးတယ်။ အဆိုပါသူတွေက
- မိမိရဲ့ရှေ့နေ့ (သို့မဟုတ်) representative လုပ်ပေးတဲ့သူ
- ကိုယ့်ဘက်က သက်သေအဖြစ်လုပ်ပေးမယ့်သူ
- ကိုယ့်ရဲ့မွေးရပ်မြေအစိုးရကို အလုပ်လုပ်ပေးနေတဲ့သူတွေ ပဲဖြစ်ပါတယ်။
ဒါကြောင့် ကိုယ့်ရဲ့ asylum ရယူခွင့်မှာ ဘာသာပြန်ပေးမယ့်သူဟာ အရေးကြီးပြီး သေချာဂရုစိုက်ရှာဖွေသင့်ပါတယ်။ ထိုဘာသာပြန်ပေးသူကိုလဲ Interview မတိုင်ခင်ကတည်းက ကိုယ့်ပိုက်ဆံနဲ့ကိုယ် ရှာပြီး ကျသင့်ငွေပေးထားရမှာဖြစ်ပါတယ်။
ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ Interview သို့ အရည်အချင်းပြည့်မှီသော စကားပြန်တစ်ဦးကို မခေါ်ယူနိုင်ခဲ့ပါက အင်တာဗျူးတက်ရောက်ဖို့ အကြောင်းပြချက်မရှိ ပျက်ကွက်မှု ဟုမှတ်ယူနိုင်ပြီး Employment Authorization ငြင်းပယ်ခံရခြင်းနှင့် Asylum လျှောက်လွှာကို ထုတ်ပယ်ခြင်း သို့မဟုတ် Immigration Court သို့ တိုက်ရိုက်လွှဲပြောင်းခြင်းကဲ့သို့သော အကျိုးဆက်များ ရှိလာနိုင်ပါတယ်။
နားမကြားသူ သို့မဟုတ် အကြားအာရုံ ခက်ခဲပြီး လက်သင်္ကေတပြ ဘာသာစကား စကားပြန်တစ်ဦး လိုအပ်ပါက၊ Asylum Interview အတွက် အကြောင်းကြားစာကို လက်ခံရရှိတာနဲ့ တပြိုင်နက် ကိုယ့်အမှုကို ကြီးကြပ်ပေးတဲ့ Asylum Office သို့ ဆက်သွယ်ပြီး လိုအပ်တဲ့ဘာသာစကားကို လက်ဟန်ပြဘာသာစကားဖြင့် ပြောနိုင်တဲ့သူကို လိုအပ်ကြောင်း ရုံးကို ကြိုတင်အကြောင်းကြားပြီး လိုအပ်သော နေရာထိုင်ခင်းများကို အချိန်နဲ့တစ်ပြေးညီ ပြုလုပ်နိုင်ပါတယ်။
Interview ကိုတက်ရောက်တဲ့အခါ Passport, Travel Document စာရွက်စာတမ်းများ သို့မဟုတ် I-94 Form (Arrival/Departure မှတ်တမ်း) ကဲ့သို့သော သက်သေခံ ပုံစံအချို့ကို ယူဆောင်လာဖို့ လိုအပ်ပါတယ်။ ဒါတွေအပြင် လျှောက်လွှာနဲ့အတူ မတင်ပြရသေးတဲ့ နောက်ထပ်အထောက်အထားများ၊ စာရွက်စာတမ်းများကိုလည်း ယူဆောင်လာနိုင်ပါတယ်။
Asylum လျှောက်ထားမှုမှာ မိသားစုဝင်များပါ၀င်ပါက အဆိုပါမိသားစုဝင်များပါ အင်တာဗျူးကိုတက်ရောက်ဖို့ လိုအပ်ပါတယ်။ ထိုမိသားစုဝင်တွေရဲ့ Identity အထောက်အထား သို့မဟုတ် ခရီးသွားစာရွက်စာတမ်းများ ကိုလည်း Interview သို့ ယူဆောင်လာရပါမယ်။

Previous