IV. Travel Outside the United States
Form I-131 (Application for Travel Document) ကို အသုံးပြုပြီး USCIS ဆီမှ ကြိုတင်ခရီးသွားခွင့်မရဘဲ အမေရိကန်နိုင်ငံမှ ထွက်ခွာခဲ့ပါက ကိုယ့်ရဲ့ Application Form ကိုစွန့်လွှတ်လိုက်ပြီလို့ USCIS ကယူဆမှာဖြစ်ပါတယ်။ ကြိုတင်ခရီးသွားခွင့်ကို ရရှိခဲ့ပေမယ့် နှိပ်စက်ညှဉ်းပန်းခံရတဲ့ မွေးရပ်နိုင်ငံသို့ ပြန်သွားခဲ့ပါကလည်း Application ကို စွန့်လွှတ်လိုက်ပြီလို့ ယူဆခံရမှာဖြစ်ပါတယ်။
Advance Parole Process ဟာ ကိုယ်ရေးကိုယ်တာ အခြေအနေ ပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။ လျှောက်လွှာညွှန်ကြားချက် အတွက် ပြည်တွင်း USCIS ခရိုင်ရုံးကို ဆက်သွယ်ရန် USCIS Website မှာ InfoPass ကို အသုံးပြုနိုင်ပါတယ်။