USIRD Connect

V. Employment Authorization While Your Application is Pending

အကယ်လို့ ကိုယ်က Asylum အောင်သွားပြီဆိုရင် တရားဝင်အလုပ်လုပ်ခွင့်ကို ရရှိမှာဖြစ်ပါတယ်။
Asylum Application လျှောက်လွှာတင်ထားရုံနဲ့ တရားဝင် အလုပ်လုပ်ကိုင်ရန် ခွင့်ပြုချက် (Employment Authorization) ကိုရရှိမှာ မဟုတ်ပါဘူး။ Asylum Application လျှောက်လွှာကို USCIS သို့မဟုတ် Immigration Court က လက်ခံပြီး ရက်ပေါင်း ၁၅၀ ကျော်လွန်သွားသည်နှင့် Employment Authorization ကိုတောင်းခံရမှာ ဖြစ်ပါတယ်။ ကိုယ့်ဘက်က လိုအပ်ချက်များကြောင့် ဖြစ်ပေါ်လာသော ကြန့်ကြာမှုများကို ရက် ၁၅၀ ကာလတွင် ထည့်သွင်းမှာ မဟုတ်ပါဘူး။
Asylum Application လျှောက်လွှာ တင်သွင်းပြီး ရက်ပေါင်း ၁၈၀ ကြာပေမယ့် ပယ်ချမခံရသေးဘူးဆိုပါက I-765 အားဖြည့်စွက်ခြင်းဖြင့် Employment Authorization ကို ရယူနိုင်မှာဖြစ်ပါတယ်။ Asylum Application ထဲပါဝင်တဲ့ မိသားစုဝင်ထဲက အလုပ်လုပ်လိုတဲ့သူရှိပါက သီးခြား Form I-765 ကို တင်သွင်းရမှာဖြစ်ပါတယ်။ USCIS Contact Center သို့ ဆက်သွယ်ခြင်း သို့မဟုတ် USCIS website သို့ ဝင်ရောက်ကြည့်ရှုခြင်းဖြင့် Form I-765 မိတ္တူများကို ရယူနိုင်ပါတယ်။

Previous