USIRD Connect

DHS Privacy Notice

Authorities
Asylum Application လျှောက်လွှာတွင် တောင်းဆိုထားသော အချက်အလက်နှင့် သက်သေအထောက်အထားများကို Immigration and Nationality Act section 208 နှင့် 241(b)(3) အရ စုဆောင်းသိမ်းဆည်းထားပါတယ်။
Purpose
Form မှာ တောင်းဆိုထားတဲ့ အချက်အလက်များကို ပံ့ပိုးပေးရခြင်းရဲ့ အဓိက ရည်ရွယ်ချက်က အမေရိကန် ပြည်ထောင်စုတွင် Asylum အတွက် Eligible ဖြစ်မဖြစ်ကို အကဲဖြတ်ဖို့နဲ့ Withholding of Removal တို့အတွက် ဖြစ်ပါတယ်။ ထို့အပြင် အဆိုပါ အချက်အလက်များဟာ Convention Against Torture အရ “Deferral of removal” တင်ဖို့အတွက်လည်း အသုံးချနိုင်ပါတယ်။
Disclosure
Application မှာတောင်းဆိုထားသော အချက်အလက်များဟာ ဆန္ဒအလျောက်သာ ဖြည့်စွက်ရမှာ ဖြစ်ပါတယ်။ အချက်အလက်များ သို့မဟုတ် အထောက်အထားတစ်ခုခုကို တင်ပြရန် ကြန့်ကြာနေခဲ့ပါက၊ Final Decision တစ်ခုသို့ ရောက်ရှိရန် နှောင့်နှေးမှုများ သို့မဟုတ် Immigration Benefit များတောင်းဆိုမှုကို ငြင်းပယ်ခံရခြင်းဆီသို့ ဦးတည်သွား နိုင်ပါတယ်။
Routine Uses
ဒီ Asylum လျှောက်လွှာမှာ ဖြည့်ထားတဲ့အချက်အလက်များကို DHS မှ ဖက်ဒရယ်၊ ပြည်နယ်၊ ပြည်တွင်း၊ ပြည်ပ အစိုးရ အေဂျင်စီများအပြင် အခွင့်အာဏာရှိသောအဖွဲ့အစည်းများကို မျှဝေထားနိုင်ပါတယ်။ DHS အနေနဲ့ ဥပဒေစိုးမိုးရေး ရည်ရွယ်ချက်များအတွက် သို့မဟုတ် နိုင်ငံတော်လုံခြုံရေးကို ကာကွယ်ရန်အတွက် အလျဉ်းသင့်ရင်သင့်သလို အချက်အလက်များကို ထုတ်ဖော်နိုင်ပါတယ်။
Penalties
အကယ်၍ အရေးကြီးအချက်အလက်များကို တမင်တကာ ချန်လှပ်ဖုံးကွယ်ခြင်း သို့မဟုတ် လိမ်လည်ထားသည့် စာရွက်စာတမ်းတစ်ခုခုကို Form I-589 နှင့်အတူ တင်ပြခြင်းတို့ရှိခဲ့ပါက လျှောက်ထားသူရဲ့ I-589 Form ကို ပယ်ချမှာဖြစ်ပြီး တခြား Immigration Benefit များကိုလည်း ငြင်းပယ်ခံရနိုင်ချေ ရှိပါတယ်။
ဒါ့အပြင် ပြင်းထန်သော ဥပဒေအကျိုးဆက်များနဲ့ ရာဇ၀တ်မှုဆိုင်ရာ စွဲချက်များကိုပါ ကြုံတွေ့ရနိုင်ပါတယ်။
Supplements to Form I-589
I-589 form, Supplement A ဟာ Part A.II ကို ဖြည့်ဖို့နေရာမှာ သုံးဖို့ဖြစ်ပါတယ်။
I-589 form, Supplement B ဟာ Part B နှင့် C တို့ကို ပြီးမြောက်ဖို့နဲ့ Application ရဲ့ တခြားအပိုင်းတွေအတွက် Additional Information များကို ပေးဆောင်ဖို့ရန် ရည်ရွယ်ပါတယ်။

Previous