USIRD Connect

I-130 form မလျှောက်ထားသင့်သူများ

မိမိဟာ အောက်ပါအချက်အလက်များထဲမှ တစ်ချက်ချက်နှင့် ငြိစွန်းနေသူများကို Form I-130 ကိုမလျှောက်ထားပေးသင့်ပါဘူး။ အဆိုပါအချက်တွေက

1. မွေးစားမိဘ (သို့) မွေးစားကလေးဆိုလျှင် အကယ်၍ အဆိုပါမွေးစားခြင်းဖြစ်စဉ်ဟာကလေးအသက် 16 နှစ်ပြည့်ပြီးမှလုပ်ဆောင်ခြင်း သို့မဟုတ် လျှောက်လွှာမတင်မှီ ကလေးဟာ အနည်းဆုံး 2 နှစ်အနေဖြင့် တရားဝင်အုပ်ထိန်းမှုအောက်တွင်မဟုတ်ခြင်း(မွေးစားမိဘနှင့်အတူမနေထိုင်ခဲ့ရပါက)။
2. ကိုယ်ကိုယ်တိုင်က တရား၀င်အမြဲတမ်းနေထိုင်ခွင့်ကို မွေးစားခံရခြင်းဖြင့် သို့မဟုတ်
အထူးရွှေ့ပြောင်းနေထိုင်သူ အရွယ်မရောက်သေးသူဖြစ်မှ ရရှိထားပါက မိဘရင်းအတွက် မလုပ်ဆောင်နိုင်ပါ။
3. မိထွေး/ပထွေး (သို့) နောက်အိမ်ထောင်မှသားသမီးများဖို့ ကလေးအသက် 18 ပြည့်ပြီးမှ အဆိုပါနောက်အိမ်ထောင်ပြုမှု လုပ်ဆောင်ထားပါက။
4. အကယ်၍ ကိုယ်နှင့် ကိုယ့်အိမ်ထောင်ဖက်သည် ထိမ်းမြားလက်ထပ်ခြင်း အခမ်းအနားအတွင်း ရုပ်ပိုင်းဆိုင်ရာအရ နှစ်ဦးစလုံး မပါဝင်ပါက။
5. အကယ်၍ ကိုယ်ဟာအမေရိကန် နိုင်ငံသား သို့မဟုတ် တရားဝင် အမြဲတမ်းနေထိုင်သူ တစ်ဦးနှင့် ယခင်က လက်ထပ်ခြင်းဖြင့် တရားဝင် အမြဲတမ်းနေထိုင်ခွင့်ကို ရရှိခဲ့ပါက၊ ကိုယ်၏ လက်ရှိအိမ်ထောင်ဖက်အတွက် Form I-130 ကို မတင်ပြနိုင်ပါ။ ဒါပေမယ့် -
A. ယခု ကိုယ်က အတည်ပြုထားသော အမေရိကန် နိုင်ငံသား ဖြစ်လာခြင်း။
B. ကိုယ်ဟာ တရားဝင် အမြဲတမ်းနေထိုင်ခွင့်ကို အနည်းဆုံး ငါးနှစ်အထိ ဆုပ်ကိုင်ထားခြင်း။
C. အမြဲတမ်းနေထိုင်ခွင့်အား ပထမအိမ်ထောင်မှ မရရှိခဲ့ကြောင်း ရှင်းရှင်းလင်းလင်းဖြင့် ခိုင်လုံသော အထောက်အထားများနှင့် တင်ပြနိုင်ခြင်း။
D. ရွှေ့ပြောင်းနေထိုင်ခွင့်ကို ရရှိထားသော ကိုယ်ရဲ့ ယခင်အိမ်ထောင်ရေးမှ အိမ်ထောင်ဖက်ဟောင်း သေဆုံးခဲ့လျှင် လက်ရှိအိမ်ထောင်ဖို့ ပြန်လည်လျှောက်ထားနိုင်ပါပြီ။
6. ကိုယ့်ရဲ့အိမ်ထောင်ဖက်သည် အမေရိကန်ပြည်ထောင်စုတွင် နေထိုင်ခွင့်နှင့် ပတ်သက်၍ တရားစွဲဆိုမှုများပြုလုပ်နေစဉ်တွင် လက်ထပ်ပါက၊ အဆိုပါတရားစွဲဆိုမှုများမှ ကင်းလွတ်ခွင့်ပြုနိုင်သည့် အခြေအနေများရှိပါတယ်။ မိမိတို့အိမ်ထောင်ရေးကို INA Section 245(e)(3) အတွက် အရည်အချင်းပြည့်မှီလိုပါက
A. ကိုယ့်အိမ်ထောင်ရေးဟာတရားဝင်ပြီး စစ်မှန်ကြောင်း ထင်ရှားသော အထောက်အထားများ ပေးဆောင်ထားရပါမယ်။ ကျိုးကြောင်းဆီလျော်သောရှေ့နေအခကြေးငွေမှလွဲ၍ လျှောက်လွှာတင်ရန်အတွက် ငွေပေးချေမှုတစ်စုံတစ်ရာမရှိခဲ့ကြောင်းကိုလည်း ပြသရပါမယ်။ အဆိုပါ တောင်းဆိုချက်များ ကို Form I-130 တွင် ထည့်သွင်းသင့်ပါတယ် သို့မဟုတ်
B. ကိုယ့်ရဲ့အိမ်ထောင်ဖက်ဟာ လက်ထပ်ပြီးချိန်မှာ အနည်းဆုံး နှစ်နှစ်ခန့် အမေရိကန်နိုင်ငံပြင်ပတွင် နေထိုင်သင့်ပါတယ်။
7. အကယ်၍ USCIS မှ အမေရိကန်လူဝင်မှုကြီးကြပ်ရေး ဥပဒေများအားရှောင်လွှဲရန် လက်ထပ်မှုပြုလုပ်သည်ဟု ယူဆသူဖြစ်နေခဲ့ပါက။
8. အဘိုးအဘွားများ၊ မြေးများ၊ တူ၊တူမ၊ ဦးလေး၊အဒေါ်၊ ဝမ်းကွဲမောင်နှမများ နှင့် ယောက္ခများ
စတဲ့သူတွေပဲဖြစ်ပါတယ်။

Previous