USIRD Connect

၉။ ကိုယ့်မှာ Immigration Court Case ရှိ၊ မရှိ ဘယ်လိုသိနိုင်မလဲ။

ကိုယ့်မှာ immigration court case ရှိနေလားဆိုတာကို မသေချာဘူးဆိုရင် ရှာဖွေနိုင်မယ့် နည်းလမ်းတွေရှိပါတယ်။
ပထမတစ်နည်းကတော့ ကိုယ့်ရဲ့ immigration ဆိုင်ရာ စာရွက်စာတမ်းတွေကို ပြန်စစ်ဆေးတာပါ။ အကယ်လို့ ကိုယ့်ဆီမှာ “Notice to Appear” ဆိုတဲ့စာရွက်ရရှိထားရင်တော့ အစိုးရဘက်ကနေ ကိုယ့်ကို immigration case အတွက် အစီအစဉ် စတင်ခြင်း (သို့) စတင်ပြီးပြီပဲဖြစ်ပါတယ်။
ဒုတိယတစ်ခုကတော့ immigration documents တွေထဲမှာ “A Number” ပါထားပြီလားဆိုတာ စစ်ဆေးရတာပဲ ဖြစ်ပါတယ်။ “A number” ဆိုတာဟာ အမေရိကန်အစိုးရကနေ non-citizens တွေကိုပေးထားတဲ့ ဂဏန်း ၈ လုံး (သို့) ၉ လုံးပါတဲ့ သက်သေခံနံပါတ်ပဲဖြစ်ပါတယ်။ လူတစ်ချို့ကတော့ “A Number” ရှိနေမှာဖြစ်ပြီး တစ်ချို့ကတော့ ရှိနေသေးမှာမဟုတ်ပါဘူး။ ကိုယ်က “A Number” ရှိပြီးသားဆိုရင် immigration court hotline number ဖြစ်တဲ့ 1-800-898-7180 ကိုဆက်သွယ်ပြီးတော့ဖြစ်စေ immigration court system website ထဲမှာ ကိုယ့်ရဲ့ “A Number” ကိုထည့်သွင်းပြီးတော့ဖြစ်စေ စစ်ဆေးနိုင်ပါတယ်။ အကယ်၍ ကိုယ့်ရဲ့ information တွေက system ထဲမှာ ရှိနေပြီးသားဆိုရင် ကိုယ့်မှာ immigration court case ရှိနေပြီဖြစ်ပါတယ်။
နောက်တစ်ခုက ကိုယ်က အမေရိကန်နိုင်ငံထဲကို Mexico-U.S border ကနေဖြတ်လာချိန်မှာ immigration office က ထိန်းသိမ်းထားခြင်းခံလိုက်ရပါက (သို့) အမေရိကန်နိုင်ငံထဲဝင်ရောက်လာချိန်မှာ တစ်နေရာရာမှ (သင်္ဘောဆိပ်၊ လေဆိပ်) immigration officer တွေဆီက ထိန်းသိမ်းခြင်းခံရပါက ကိုယ့်မှာ immigration court case ရှိဖို့ ရာခိုင်နှုန်းများပါတယ်။
နောက်ဆုံးအနေနဲ့ကတော့ USCIS နဲ့ Asylum တင်ပြီး USCIS ဘက်က Asylum မပေးဘူးဆိုရင်လဲ ကိုယ့်မှာ Immigration court case ရှိနေလို့ဖြစ်နိုင်ပါတယ်။

Previous Next