USIRD Connect

၁၀။ CBP၊ ICE၊ USCIS နဲ့ Immigration Court တွေက ဘာတွေကွာခြားမှု ရှိပါသလဲ?

အမေရိကန်အစိုးရရဲ့ အောက်မှာ Immigration Agency ဌာနခွဲ များစွာရှိပြီး အေဂျင်စီ တစ်ခုချင်းစီက Immigration System တစ်ခုလုံးရဲ့ ကဏ္ဍအသီးသီးကို တာ၀န်ယူရပါတယ်။ အေဂျင်စီ ဆိုတဲ့နေရာမှာ Customs and Border Protection (CBP) ၊ Immigration and Customs Enforcement (ICE) ၊ United States Citizenship and Immigration Services (USCIS) နှင့် Immigration Court တို့ ပါ၀င်ပါတယ်။ Asylum လျှောက်ထားသူ တစ်ဦးဟာ ရုံးချိန်းများ နှင့် ကြားနာခြင်းများအား မပျက်မကွက် တက်ရောက်ဖို့ လိုအပ်ပါတယ်။ အိမ်လိပ်စာ အရွေ့အပြောင်း ရှိခဲ့ရင်လည်း အိမ်လိပ်စာအသစ်ကို အစိုးရအေဂျင်စီ တစ်ခုစီသို့ Update ပြန်လုပ်ပေးရပါမယ်။ အစိုးရအေဂျင်စီများအနေနဲ့ အချင်းချင်း သတင်း အချက်အလက် လွှဲပြောင်းမှု မရှိတာကြောင့် ကိုယ်ရွေ့ပြောင်းထားသည့် လိပ်စာအသစ်ကို သီးခြားစီ ပြန်လည်ပေးပို့ရန် လိုအပ်ခြင်းဖြစ်ပါတယ်။

Customs and Border Protection (CBP) ဆိုတာဟာ နယ်စပ်ဒေသများ၊ ဆိပ်ကမ်း နှင့် လေဆိပ်များတွင် လူဝင်မှု ကြီးကြပ်ရေး ဥပဒေများဖြင့် ကြီးကြပ်သည့် အစိုးရအေဂျင်စီတစ်ခုဖြစ်ပါတယ်။
အမေရိကန်နိုင်ငံသို့ မည်သူဝင်ရောက်နိုင်သည် နှင့် ဘယ်သူကတော့ ဝင်ရောက်ခွင့်မရှိနိုင်ကြောင်း ကနဦးဆုံးဖြတ်နိုင်ရာနေရာတစ်ခုလည်းဖြစ်ပါတယ်။
ထို့အပြင် နယ်စပ်မှာ Immigration law နှင့်ဆန့်ကျင် ဝင်ရောက်လာသူများကိုလည်း ဖမ်းဆီးထိန်းချုပ် အရေးယူနိုင်ပါတယ်။
Immigration and Customs Enforcement (ICE) ဆိုတာဟာ အမေရိကန်နိုင်ငံရှိ Immigration Law များကို အတည်ပြု ပြဌာန်းပေးတဲ့ အစိုးရဌာန တစ်ခုဖြစ်ပါတယ်။ ICE က Immigration ဆိုင်ရာ ရဲဌာနအနေဖြင့် လုပ်ဆောင်ပြီး Immigration Law များကို ချိုးဖောက်ထားကြောင်း ၄င်းတို့ ယူဆသူများကို ထိန်းသိမ်းထားနိုင်ပါတယ်။ တချို့လူများဟာ ICE နဲ့ ပုံမှန် Check-In Appointment များရှိကြပါတယ်။ ICE နဲ့ တွဲဖက်လုပ်ကိုင်တဲ့ Private Company များ ဒီ Appointment များ ထားရှိလေ့ရှိပြီး ဒါကို ISAP Program လို့လည်းခေါ်ပါတယ်။


USCIS ဟာ Immigration ဆိုင်ရာလျှောက်လွှာများစွာကို လုပ်ဆောင်ပေးသော အစိုးရအေဂျင်စီတစ်ခု ဖြစ်ပါတယ်။ အကယ်၍ ကိုယ့်မှာ Immigration court ဆိုင်ရာအမှု မရှိပါက USCIS နှင့် ခိုလှုံခွင့် လျှောက်ထားနိုင်ပါတယ်။ Immigration court နှင့်ဆိုင်သည့် အမှုရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ USCIS ဟာ ကိုယ့်ရဲ့ biometrics ရက်ချိန်းအတွက် သွားရမည့်နေရာ (လက်ဗွေရာများယူသည့်နေရာ) ဖြစ်ပါတယ်။ USCIS သည် Work permit ကိစ္စများ၊ Green Card ကိစ္စများ၊ အမေရိကန် နိုင်ငံသားဖြစ်ခွင့်နှင့် အခြားကိစ္စလျှောက်လွှာများကို ဆောင်ရွက်ပေးပါတယ်။
Immigration Court ဆိုတာ Immigrant များ အခြေချနေထိုင်ခွင့် ရမရကို အဆုံးအဖြတ်ပေးတဲ့ အစိုးရအေဂျင်စီ တစ်ခု ဖြစ်ပါတယ်။ အကယ်၍ ကိုယ်က Asylum လျှောက်ထားခဲ့ရင် ကိုယ့်ရဲ့ Case ကို အဆုံးအဖြတ်ပေးမှာက Immigration တရားသူကြီးပဲ ဖြစ်ပါတယ်။ Immigration Court မှာ ရင်ဆိုင်ရတဲ့ Case ကို Immigration Court Proceedings ၊ Removal Proceedings ၊ Deportation Proceedings ၊ EOIR စသည်ဖြင့် အမျိုးမျိုး ခေါ်ဆိုကြပါတယ်။ အကယ်၍ Immigration တရားသူကြီးက ကိုယ့်ရဲ့ Asylum Case ကိုငြင်းပယ်လိုက်တယ် ဆိုရင် ကိုယ့်အနေနဲ့ Immigration Court System ရဲ့ နောက်အဆင့်တစ်ဆင့် ဖြစ်တဲ့ Board of Immigration Appeals ဆီကို အသနားခံ တင်ပြနိုင်ပါတယ်။

Previous Next