USIRD Connect

အထွေထွေညွှန်ကြားချက်များ

USCIS ဟာ ၎င်းတို့ရဲ့တရားဝင် Website မှတဆင့် လျှောက်လွှာများကို အခမဲ့ပေးထားပါတယ်။ အဆိုပါလျှောက်လွှာကို ကြည့်ရှုရန်၊ Print ထုတ်ရန် သို့မဟုတ် ဖြည့်သွင်းရန်အတွက် Adobe Reader ၏ နောက်ဆုံး Version ကို အသုံးပြုရပါမယ်။ တိုက်ရိုက်ဆက်သွယ်လိုပါက USCIS National Customer Service Center 1-800-375-5283 တွင် ဆက်သွယ်နိုင်ပြီး ဖောင်ပုံစံကို စာတိုက်ဖြင့်ပေးပို့ရန် တောင်းဆိုနိုင်ပါတယ်။ TTY (နားမကြားခြင်း သို့မဟုတ် အကြားအာရုံအခက်အခဲရှိသူများဖို့)1-800-767-1833 သို့ခေါ်ဆိုနိုင်ပါတယ်

လက်မှတ် - အသနားခံစာလျှောက်လွှာတစ်ခုစီကို မှန်ကန်စွာ လက်မှတ်ရေးထိုးပြီး တင်ပြရန် အရေးကြီးပါသည်။ USCIS ဟာအစားထိုးလက်မှတ်အဖြစ် တံဆိပ်ခေါင်း သို့မဟုတ် လက်နှိပ်စက်ဖြင့်ရေးထားသော အမည်များကို လက်ခံမှာမဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးမပြည့်မီသူဖြစ်ခဲ့လျှင်‌တော့ တရားဝင်အုပ်ထိန်းသူမှ ၎င်းတို့၏ကိုယ်စား လက်မှတ်ရေးထိုးနိုင်ပါတယ်။

လျှောက်လွှာကြေး - လျှောက်လွှာတစ်ခုချင်းဆီအတွက် သင့်လျော်တဲ့ငွေကြေးပေးဆောင်ရမှာဖြစ်ပါတယ်။

Biometric ဝန်ဆောင်မှုကြေး - ဤလျှောက်လွှာအား USCIS နှင့်‌လျှောက်ထားခဲ့ရင် စတင် တင်သွင်းသည့်အချိန်တွင် biometric ဝန်ဆောင်မှုကြေးကို ပေးသွင်းရန်မလိုအပ်သေးပါဘူး။ နောက်ပိုင်းမှသာ Biometric ဆိုင်ရာကိစ္စများလုပ်ဆောင်ရန်အတွက် ငွေသွင်းနည်းဆိုင်ရာ ညွှန်ကြားချက်များနှင့်အတူ Biometric Service ရက်ချိန်းကို လက်ခံရရှိမှာဖြစ်ပါတယ်။ အကယ်၍ ကိုယ်က USCIS မဟုတ်ပဲ အခြားအေဂျင်စီတစ်ခုနဲ့ လျှောက်ထားခဲ့ပါက biometric ဝန်ဆောင်မှုအခကြေးငွေကို မည်သည့်အချိန်တွင် တင်သွင်းရမည်ကို သိရှိရန် အဆိုပါအေဂျင်စီနှင့် တိုင်ပင်သင့်ပါတယ်။

သက်သေအထောက်အထား - လျှောက်လွှာတင်သွင်းတဲ့အခါ အထွေထွေလိုအပ်ချက်များကဏ္ဍတွင် သတ်မှတ်ထားသော အထောက်အထားများနှင့် စာရွက်စာတမ်းများအားလုံးကို ထည့်သွင်းရန် မဖြစ်မနေ လိုအပ်ပါသည်။ လိုအပ်သော သက်သေအထောက်အထားများ ပံ့ပိုးပေးရန် ပျက်ကွက်ပါက USCIS မှ ငြင်းဆိုရန် ရည်ရွယ်ချက် အကြောင်းကြားစာ (NOID) သို့မဟုတ် လိုအပ်သော စာရွက်စာတမ်းများမပါဘဲ တင်သွင်းသည့် လျှောက်လွှာများအတွက် ငြင်းဆိုခြင်းသတိပေးချက် ပေးပို့လာနိုင်ပါတယ်။

Biometric Services Appointment - USCIS ဟာ ကိုယ့်ရဲ့လျှောက်လွှာအပေါ် ဆုံးဖြတ်ချက်မချခင် အထောက်အထားစစ်ဆေးရန်၊ ထပ်မံလိုအပ်သောအကြောင်းအရာများတောင်းဆိုရန်၊ FBI မှသိမ်းဆည်းထားသော လုံခြုံရေးဆိုင်ရာစစ်ဆေးမှုများလုပ်ဆောင်ရန် ၎င်းတို့သတ်မှတ်ထားတဲ့အချိန်မှာ Interview ဖြေဆိုခြင်း သို့မဟုတ် လက်ဗွေရာ၊ဓါတ်ပုံ နှင့် လက်မှတ်ရရှိထားခြင်းတို့အတွက် မိမိကို လိုအပ်ပါတယ်။ USCIS မှ ကိုယ့်ရဲ့လျှောက်လွှာကိုပြည့်စုံပြီဟု သတ်မှတ်ပြီးသည်နှင့် biometric ဝန်ဆောင်မှုအတွက် ချိန်းဆိုမှုကို တက်ရောက်ဖို့လိုအပ်ကြောင်း စာဖြင့် အကြောင်းကြားပါတယ်။ အဆိုပါအကြောင်းကြားစာတွင် သတ်မှတ်ထားသော USCIS Application Support Center (ASC) ၏ တည်နေရာနှင့်တကွ တက်ရမည့်အချိန်နဲ့ရက်စွဲကိုပါ ထည့်သွင်းပေးထားပါတယ်။ အကယ်လို့ ကိုယ်က အမေရိကန်နိုင်ငံပြင်ပတွင် ရှိနေခဲ့လျှင်တော့ မိမိနေရာရှိ U.S. Embassy, U.S. Consult သို့မဟုတ် USCIS ရုံးသို့ဆက်သွယ်၍ ရက်ချိန်းပြုလုပ်ရန် ညွှန်ကြားပါလိမ့်မယ်။

ထို့နောက် Biometric ဆိုင်ရာ အချက်အလက်များကို ပေးဆောင်ရန် သင်၏ချိန်းဆိုမှုအတွင်း အောက်ပါတို့ကို ထပ်မံအတည်ပြုကြောင်း ကျမ်းကျိန်လက်မှတ်ထိုးရပါမည် -
1. ကိုယ်ဟာ အသနားခံစာတွင် ပါဝင်သော အချက်အလက်အားလုံးကို ပေးထားပြီးပါပြီ။
2. လျှောက်လွှာတွင်ပါရှိသော အချက်အလက်အားလုံးကို ဂရုတစိုက်ပြန်လည်သုံးသပ်ပြီး ၎င်းနှင့်ပါရှိသောစာရွက်စာတမ်းများကို နားလည်သဘောပေါက်ထားပါသည်။
3. လျှောက်လွှာတွင်ဖော်ပြထားသော အချက်အလက်အားလုံးသည် တင်သွင်းသည့်အချိန်တွင် တိကျ၊ ပြည့်စုံပြီး မှန်ကန်ပါသည်။

Biometric ဝန်ဆောင်မှုအတွက်လာရောက်ရန် ပျက်ကွက်ပါက USCIS မှ ကိုယ့်ရဲ့လျှောက်လွှာကို ပယ်ချသွားမှာဖြစ်ကြောင်း သတိပြုရပါမယ်။

မိတ္တူ - ညွှန်ကြားချက်တွင် မူရင်းစာရွက်စာတမ်းများပေးဆောင်ရန် မပြောထားပါက တောင်းဆိုထားသောစာရွက်စာတမ်းများ၏ မိတ္တူအားပေးဆောင်နိုင်ပါတယ်။ သို့ပေမယ့် USCIS ဟာ လျှောက်လွှာ သို့မဟုတ် အသနားခံစာ တောင်းဆိုမှုလုပ်ဆောင်ခြင်း၏ မည်သည့်အဆင့်တွင်မဆို မူရင်းစာရွက်စာတမ်းများကို တောင်းဆိုပိုင်ခွင့်ရှိပါတယ်။ အကယ်လို့ ကိုယ်က မူရင်းစာရွက်စာတမ်းများကို မလိုအပ်သည့်အခါ တင်သွင်းခဲ့ပါက ၎င်းတို့ဟာ မှတ်တမ်း၏တစ်စိတ်တစ်ပိုင်းအဖြစ် ထိန်းသိမ်းထားမှာဖြစ်ပြီး USCIS မှ ၎င်းတို့ကို မိမိထံ အလိုအလျောက်ပြန်ပေးမှာမဟုတ်ပါဘူး။

ဘာသာပြန်ခြင်း - အကယ်လို့ ကိုယ်ဟာ မိမိဘာသာဖြင့်ရေးသားထားသော စာရွက်စာတမ်းအချက်အလက်များကို တင်သွင်းမိပါက ENGLISH ဘာသာပြန်ဆိုထားသော စာရွက်စာတမ်းများကိုပါပူးတွဲတင်ပြရပါမယ်။ ထို့နောက် ဘာသာပြန်ဆိုထားသူဟာ ၎င်း၏ဘာသာပြန်ဆိုမှုများဟာ မှန်ကန်ပြည့်စုံကြောင်းနှင့် ကျွမ်းကျင်စွာပြန်ဆိုနိုင်ကြောင်း Certificate ပြသရပါမယ်။ Certificate တွင် ရက်စွဲ၊ ဘာသာပြန်သူ၏ လက်မှတ်နှင့် ပုံနှိပ်ထားသော အမည် ပါဝင်သင့်ပြီး ဘာသာပြန်သူအား ဆက်သွယ်ရန် အချက်အလက်လည်း ပါဝင်ရပါမယ်။

Previous