USIRD Connect

Form I-130 ဖြည့်စွက်နည်း

1. မှင်အနက်ရောင်ဖြင့်သာ စာရိုက်ခြင်း သို့မဟုတ် Print ထုတ်ခြင်းပြုလုပ်ရပါမယ်။
2. လျှောက်လွှာဖြည့်စွက်ရာတွင် အပိုင်းတစ်ခုခုကို အပြီးသတ်ရန် နေရာအပိုလိုအပ်ပါက Part 9 "Additional Information" တွင်ရှိသော ပေးထားသည့်နေရာကို အသုံးပြု၍ လည်း‌ကောင်း သို့မဟုတ် သီးခြားစာရွက်တစ်ရွက်ကို ပူးတွဲ၍ လည်း‌ကောင်းအသုံးပြုနိုင်ပါတယ်။ စာရွက်တစ်ခုစီ၏ထိပ်တွင် ကိုယ့်အမည်နှင့် A-နံပါတ် (လိုအပ်ပါက) ရိုက်ထည့် ရပါမယ်။ စာရွက်အပိုသုံးခဲ့ပါက ကိုယ်ဖြည့်ပေးထားသော အဖြေတစ်ခုစီအတွက် သက်ဆိုင်ရာ စာမျက်နှာနံပါတ်၊ အပိုင်းနံပါတ်နှင့် အကြောင်းအရာနံပါတ် တို့ကို ညွှန်ပြရပါမယ်။ နောက်ဆုံးအနေနဲ့ ကတော့ စာရွက်တစ်ခုစီကို လက်မှတ်ထိုးပြီး ရက်စွဲတပ်ရပါမယ်။
3. မေးခွန်းအားလုံးအတွက် ပြည့်စုံတိကျသော အဖြေများပေးရပါမယ်။ အကယ်၍ မေးခွန်းတစ်ခုခုဟာ ကိုယ်နှင့်မသက်ဆိုင်ပါက (ဥပမာ ကိုယ်က အိမ်ထောင်မပြုဖူးသေးပေမယ့် အဆိုပါမေးခွန်းသည် လက်ရှိအိမ်ထောင်ဖက်၏အမည်ကို မေးခဲ့လျှင်)၊ အခြားနည်းလမ်းဖြင့်ဖြည့်စွက်ရန် မဖော်ပြထားပါက "N/A" ဟုရေးပါ။ အကယ်၍ ကိန်းဂဏန်းဖြေဆိုရမည့် မေးခွန်း (ဥပမာ "မင်းမှာ ကလေးဘယ်နှစ်ယောက်ရှိပြီလဲ" သို့မဟုတ် "အမေရိကန်နိုင်ငံပြင်ပကို ဘယ်နှစ်ခါထွက်ပြီးပြီလဲ"ဟု) ဖြစ်ပြီး ကိုယ့်ရဲ့အဖြေဟာ သုညဖြစ်နေပါက “None” ဟုရေးပါ။
4. ရက်စွဲတပ်ရာတွင် “လ/ရက်/ခုနှစ်” ဆိုပြီး အစဉ်လိုက်ဖြည့်ရပါမယ်။ အကယ်၍ ရက်စွဲအတိအကျမဖော်ပြနိုင်ပါက ခန့်မှန်းခြေရက်စွဲတပ်နိုင်ပြီး Part 9 “Additional Information” တွင် ရှင်းပြချက်ပါရှိရပါမယ်။
5. ကိုယ်ဟာ USCIS ရဲ့ Online မှတစ်ဆင့်လျှောက်လွှာတင်ခြင်းကို ယခင်ကလုပ်ဆောင်ဖူးလျှင် USCIS online account number ကိုထည့်သွင်းပေးရပါမယ်။ ကိုယ့်ရဲ့ USCIS online account number ကို မိမိရဲ့ account ထဲရှိ Profile page ထဲတွင် ရှာဖွေနိုင်ပါတယ်။ USCIS online account number သည် A-Number နှင့်မတူကြောင်း သတိပြုပေးပါ။
6. Part 3, Item Numbers 1-6 တွင်တောင်းဆိုထားသော အတ္ထုပ္ပတ္တိအချက်အလက်များကိုဖြည့်စွက်ခြင်းဟာ USCIS ASC ရက်ချိန်းတွင် သင့်အားအချိန်ကုန်သက်သာစေပါတယ်။
7. CBP သို့မဟုတ် USCIS မှ Form I-94 ကိုထုတ်ပေးပါက လျှောက်လွှာရဲ့ Part 4, Item Numbers 46.b. - 50. မှာ အကျိုးခံစားခွင့်ရှိသူဟာ Form I-94 Number နှင့် ၎င်းတို့ရဲ့ တရားဝင်နေထိုင်ခွင့် သက်တမ်းကုန်ဆုံးမည့်ရက်စွဲတို့ကို ထည့်သွင်းဖော်ပြရပါမယ်။ Form I-94 Numer ကို ထွက်ခွါနံပါတ် ( Departure Number) လို့လဲ သိကြပါတယ်။
မှတ်သားချက် - အကယ်၍ တစ်စုံတစ်ယောက်ဟာ အမေရိကန်နိုင်ငံထဲကို April 30, 2013 နောက်ပိုင်းမှ ဝင်ရောက်လာခဲ့လျှင် I-94 form အား စာရွက်အစား Electronic form အနေဖြင့် ရရှိမှာဖြစ်ပါတယ်။ ထိုသူတွေဟာ CBP websiteထဲကို ဝင်ရောက်လေ့လာ၍ ၎င်း၏ Electronic form I-94 အား စာရွက်မိတ္တူအဖြစ်အလကားရယူနိုင်ပါတယ်။ နိုင်ငံကူးလက်မှတ် သို့မဟုတ် ခရီးသွားစာရွက်စာတမ်းဖြင့် ကုန်းလမ်းနယ်စပ်၊ လေဆိပ် နှင့် ဆိပ်ကမ်း မှဝင်ရောက်လာပြီး I-94 form စာရွက်ဖြင့်ရရှိသူများဟာ CBP Website တွင် အခမဲ့ အစားထိုးလဲလှယ်မှုပြုလုပ်နိုင်ပါတယ်။ ၎င်းကို Online ပေါ်မှ မရရှိနိုင်ခဲ့ပါက USCIS မှ အခမဲ့တောင်းဆိုနိုင်ပါသေးတယ်။ ဝင်ရောက်လာခဲ့ပြီးသူရဲ့ နိုင်ငံကူးလက်မှတ်ဟာ သက်တမ်းကုန်ဆုံးခဲ့လျှင်တောင်မှ လျှောက်လွှာရဲ့ Part 4 Item Numbers 45-50 မှာ ထည့်သွင်းဖို့ကလိုအပ်နေဆဲ ဖြစ်ပါတယ်။
8. လျှောက်လွှာရဲ့ Part 6 မှာ ကိုယ်က လျှောက်လွှာတင်ရာမှာ မိမိကိုယ်တိုင်ဖြည့်စွက်ခြင်း သို့မဟုတ် ဘာသာပြန်ပေးသူ၊ပြင်ဆင်ပေးသူမှ ဖြည့်စွက်ပေးခြင်းဖြစ်ကြောင်း ရွေးချယ်ပေး ရပါမယ်။ ကိုယ်တိုင်ဖြည့်စွက်ခဲ့ပါက လျှောက်လွှာအား လက်မှတ်ရေးထိုးရက်စွဲတပ်ပြီး ကိုယ့်ရဲ့ ဖုန်းနံပါတ်၊ Email တို့ကိုဖြည့်စွက်ရပါမယ်။ လျှောက်လွှာမှာ ကိုယ့်ရဲ့လက်မှတ်ပါဖို့က အရေးကြီးပြီး တံဆိပ်ခေါင်း နှင့် စက်ဖြင့်ရိုက်ထားသောနာမည်တွေဟာ လက်ခံမှာမဟုတ်ပါဘူး။
9. လျှောက်လွှာပါ ညွှန်ကြားချက်များနှင့် မေးခွန်းများကို ကိုယ်နားလည်နိုင်သော ဘာသာစကားဖြင့် စကားပြန်မှ ကူညီဆောင်ရွက်ပေးခဲ့ပါက၊ စကားပြန်ဟာ Part 7 ကို ဖြည့်စွက်ရပါမည်။ စကားပြန်ဟာ ၎င်း၏ အမည်၊ လုပ်ငန်း သို့မဟုတ် အဖွဲ့အစည်း၏ လိပ်စာ (ဖြစ်နိုင်လျှင်)၊ တယ်လီဖုန်းနံပါတ် နှင့် Email လိပ်စာ (လိုအပ်ပါက) တို့ကို ပေးဆောင်ရပါမယ်။ထို့အပြင် စကားပြန်ဟာ လျှောက်လွှာတွင် လက်မှတ်ရေးထိုးပြီး ရက်စွဲတပ်ရန် လိုအပ်တယ်။
10. ကိုယ်တိုင်ဖြည့်စွက်တာမဟုတ်ပဲ ဘာသာပြန်ပေးသူရော ကူညီဖြည့်စွက်ပေးသူရောဟာ တစ်ယောက်တည်း ဖြစ်နေခဲ့လျှင် Part 7 ရော Part 8 ရော နှစ်ခုလုံးမှာ လိုအပ်ချက်များဖြည့်စွက်ရပါမယ်။ ထိုကဲ့သို့ ကူညီသူဟာ စီးပွါးရေး သို့မဟုတ် အဖွဲ့အစည်းတစ်ခုခု နှင့်ဆက်နွယ်နေပါက သက်ဆိုင်ရာအဖွဲ့အစည်းရဲ့ နာမည်နှင့် လိပ်စာကို ထည့်သွင်းပြရပါမယ်။ ကူညီဖြည့်စွက်ပေးသူဟာ ရှေ့နေ သို့မဟုတ် Accredited representative ဖြစ်ခဲ့ပါက Form G-28 အား လျှောက်လွှာနဲ့အတူ တင်ပြရပါမယ်။

ပြီးပြည့်စုံစွာဖြည့်စွက်ပြီးသော လျှောက်လွှာမိတ္တူကို နောက်ပိုင်းတွင် ပြန်လည်ကိုးကားရန်နှင့် ကိုယ့်ရဲ့မှတ်တမ်းသိမ်းဆည်း‌ရေးတို့အတွက် Print ထုတ်ထားခြင်း သို့မဟုတ် သိမ်းဆည်းထားခြင်း ပြုလုပ်သင့်ပါတယ်။ USCIS ASC တွင် ကိုယ့်ချိန်းဆိုမှုမပြုလုပ်ခင် အချက်အလက်မှန်ကန်ကြောင်း သေချာစေရန် အဆိုပါမိတ္တူကို ပြန်လည်စစ်‌ဆေးသင့်ပါတယ်။ ချိန်းဆိုမှုအတွင်း ကိုယ့်ရဲ့လျှောက်လွှာဟာ ပြည့်စုံမှန်ကန်ကြောင်းသက်သေပြနိုင်မှသာ USCIS မှ ဆက်လက်စစ်ဆေးမှုပြုလုပ်မှာဖြစ်ပါတယ်။ ထိုကဲ့သို့မပြုလုပ်နိုင်ပါက ချိန်းဆိုမှုကို ထပ်မံပြုလုပ်ရမှာဖြစ်ပါတယ်။

Previous