USIRD Connect

အထွေထွေလိုအပ်ချက်များ

(1) မေး - လျှောက်လွှာ Approval ရပါက အဆိုပါမိသားစုဝင်ဟာ အလိုအလျောက် အမြဲတမ်းတရားဝင်နေထိုင်သူဖြစ်သွားပါသလား သို့မဟုတ် အမေရိကန်နိုင်ငံသို့ ချက်ချင်းပြောင်းရွှေ့လာနိုင်ပါသလား။

ဖြေ - မဟုတ်ပါဘူး။ လျှောက်လွှာ Approval ဖြစ်ခြင်းဟာ အဆိုပါမိသားစုဝင်ကို အလိုအလျောက် နေထိုင်သူမဖြစ်စေသလို အမေရိကန်နိုင်ငံသို့ချက်ချင်းပြောင်းရွှေ့ခြင်းလဲ မပြုလုပ်နိုင်ပါဘူး။

(2) မေး - ဘယ်အချိန်မှ ထို Visa ကိုရရှိနိုင်ပါသလဲ။

ဖြေ - အမေရိကန် နိုင်ငံသား၏ အိမ်ထောင်ဖက်၊ အသက် 21 နှစ်အောက် လက်မထပ်ရသေးသော ကလေးများ၊ သို့မဟုတ် မိဘများအတွက် အသနားခံစာ‌လျှောက်လွှာဟာ Approve ဖြစ်ပြီးတဲ့အခါ ၎င်းတို့ကို Immediate Relatives များအဖြစ် သတ်မှတ်လိုက်ပါတယ်။ ထိုကဲ့သို့အမျိုးအစားခွဲခြားမှုသည် ၎င်းတို့အား နှောင့်နှေးမှုမရှိဘဲ Visa ရရှိနိုင်စေမှာ ဖြစ်ပါတယ်။

(3) မေး - ကိုယ်ဟာ အမေရိကန်နိိုင်ငံသားဖြစ်ကြောင်း ပြသရန် မည့်သည့်စာရွက်စာတမ်းများလိုအပ်ပါသလဲ။

ဖြေ -
(A) ပြည်တွင်းအာဏာရှိအရာရှိတစ်ဦးဦးဆီမှ ထောက်ခံစာ သို့မဟုတ် မှတ်ပုံတင်အရာရှိထံမှ အမေရိကန်နိုင်ငံတွင်မွေးဖွားကြောင်း မွေးစာရင်းမိတ္တူ
(B) USCIS သို့မဟုတ် လူဝင်မှုကြီးကြပ်ရေးနှင့် Naturalization Service (INS) မှ ထုတ်ပေးသော နိုင်ငံသားလက်မှတ် သို့မဟုတ် နိုင်ငံသားဖြစ်ခွင့်လက်မှတ် မိတ္တူ
(C) အမေရိကန်သံရုံး သို့မဟုတ် အမေရိကန်ကောင်စစ်ရုံး ဆီမှ FS-240 Form မိတ္တူ
(D) သက်တမ်းမကုန်သေးသော နိုင်ငံကူးလက်မှတ်မိတ္တူ
(E) အမေရိကန်ကောင်စစ်ဝန်ဆီမှ ကိုယ်ဟာ နိုင်ငံကူးလက်မှတ်နှင့်တကွ အမေရိကန်နိုင်ငံသားဖြစ်ကြောင်း မူရင်းအတည်ပြုလွှာ

အကယ်၍ ကိုယ်ဟာအမေရိကန်နိုင်ငံတွင်မွေးဖွားခဲ့သော်လည်း အထက်ပေါ်ပြပါစာရွက်စာတမ်း တစ်ခုမှ မရှိခဲ့လျှင် “တရားဝင်စာရွက်စာတမ်းများ မရှိခဲ့လျှင်” ဆိုသောအပိုင်းကို သွားရောက်ဖတ်ရှုပါ။

(4) မေး - ကိုယ်ဟာ တရားဝင်အမြဲတမ်းနေထိုင်သူဖြစ်ကြောင်းပြသရန် မည့်သည့်စာရွက်စာတမ်းများလိုအပ်ပါသလဲ။

ဖြေ - ကိုယ်ရဲ့ Permanent Resident Card (Form I-551) ရဲ့အရှေ့နှင့် အနောက် မိတ္တူအား လျှောက်လွှာနှင့်တကွတင်ပေးရပါမယ်။ အကယ်၍ အဆိုပါကတ်ကိုမရရှိသေးပါက နိုင်ငံကူးလက်မှတ်ရဲ့ Biographic Page နှင့်တကွ USCIS သို့မဟုတ် INS ဆီမှ ကိုယ်ဟာ တရားဝင်အမြဲတမ်းနေထိုင်သူဖြစ်ပြီးကြောင်းသက်သေပြနိုင်မည့် အထောက်အထားများကိုတင်ပြရပါမယ်။

(5) မေး - မိသားစုဝင်အဖြစ် ဆက်နွယ်မှုရှိကြောင်း မည်သည့်စာရွက်စာတမ်းများ ပြသရန်လိုအပ်ပါသလဲ။

ဖြေ -
(A) ကိုယ့်အိမ်ထောင်ဖက်ဖို့ဖြစ်ခဲ့ပါက
1. လက်ထပ်စာချုပ်မိတ္တူ
2. ကိုယ်ကိုယ်တိုင် ဒါမှမဟုတ် အိမ်ထောင်ဖက်ဟာ ယခင်ကတခြားသူနှင့် လက်ထပ်ဖူးပါက ထိုလက်ထပ်ခဲ့မှုဟာ တရားဝင်ကွာရှင်းပြတ်ဆဲပြီးကြောင်း စာရွက်စာတမ်းမိတ္တူများ
3. ကိုယ်နဲ့ကိုယ်အိမ်ထောင်ဖက်တို့ရဲ့ လျှောက်လွှာတင်ပြီး ရက် ၃၀ အတွင်းရိုက်ကူးထားသော လိုင်စင် ဓါတ်ပုံ နှစ်ပုံ (အဆိုပါ ဓါတ်ပုံတွေဟာ ၂ လက်မပတ်လည်၊ အဖြူနောက်ခံ၊ အရောင်ပါသော၊ ပြန်လည်ပြုပြင်ခြင်း effect ထည့်ခြင်းမပြုထားသော၊ ဘာသာရေးကြောင့်မှမဟုတ်လျှင် ခေါင်းပေါ်တွင် ဘာမှမဝတ်ဆင်ထားသော၊ထို့နောက် ဓါတ်ပုံနောက်ကျောတွင် ခဲတံ သို့မဟုတ် ဘောလ်ပင်ဖြင့် မိမိနာမည်နှင့်တကွ A-Number (ဖြစ်နိုင်လျှင်) ရေးပေးထားသောဓါတ်ပုံများဖြစ်ရပါမယ်)
အထက်ပါ စာရွက်စာတမ်းများအပါအဝင် မိမိ နှင့် အိမ်ထောင်ဖက်ဟာ နိုင်ငံသားဖြစ်ရန်ရည်ရွယ်ချက် တစ်ခုတည်းမဟုတ်ပဲ သစ္စာရှိသော အိမ်ထောင်ရေးဆောက်တည်ရန် သက်သေပြမည့်အခြားလိုအပ်သောစာရွက်စာတမ်းများ တို့ပါဝင်ပါတယ်။

(B) ကိုယ်ဟာမိခင်ဖြစ်ပြီး မိမိကလေးဖို့ဖြစ်ခဲ့လျှင် မိမိနဲ့ မိမိကလေးနာမည်ဖော်ပြထားတဲ့ ကလေးရဲ့မွေးစာရင်းမိတ္တူ ပြသရပါမယ်။

(C) ကိုယ်ဟာဖခင်ဖြစ်ပြီး မိမိကလေးဖို့ဖြစ်ခဲ့လျှင် ကလေးနဲ့ မိဘနှစ်ဦးစလုံးနာမည်ပါဝင်သော ကလေးရဲ့မွေးစာရင်းမိတ္တူ၊ ကလေးရဲ့မိခင်နဲ့ ကိုယ့်ရဲ့လက်ထပ်စာချုပ်မိတ္တူ၊ အရင်အိမ်ထောင်ရှိခဲ့လျှင် ထိုအိမ်ထောင်နှင့် တရားဝင်ကွာရှင်းပြတ်ဆဲထားကြောင်း သက်ဆိုင်ရာမှထောက်ခံပေးထားသော အထောက်အထားများ ပြသရပါမယ်။

(D) ကိုယ်ဟာဖခင်ဖြစ်ပြီး လက်မထပ်ခင်ကတည်းကမွေးခဲ့တဲ့ကလေးဖို့ဖြစ်ခဲ့လျှင် ကလေးရဲ့အသက် ၁၈ နှစ်မပြည့်ခင်တွင် ကိုယ်ဟာကလေးရဲ့မိခင်နဲ့လက်ထပ်ခဲ့ကြောင်း သို့မဟုတ် ကိုယ်နေထိုင်ရာနေရာ၏ တရားဥပဒေများအရ ကလေးဟာအသက် ၁၈ မပြည့်ခင်ကတည်းက မိမိရဲ့ကလေးအဖြစ်အသိအမှတ်ပြုခံထားရကြောင်း သက်သေများတင်ပြရပါမယ်။ ထိုကဲ့သို့ သက်သေများမတင်ပြနိုင်ပါက ကလေးအသက် ၂၁ မပြည့်ခင်ကတည်းက ကိုယ်နဲ့ကလေးကြား တွင် စစ်မှန်သော သားသမီးမိဘ ဆက်ဆံရေးရှိကြောင်း သက်သေများမိတ္တူများကို လျှောက်လွှာနှင့်အတူတင်ပြရပါမယ်။

(E) မွေးချင်းများဖို့ဖြစ်ခဲ့လျှင် အနည်းဆုံး ဘုံဆိုင်မိဘရှိကြောင်းပြသရန် ကိုယ်နဲ့ကိုယ့်မွေးချင်းရဲ့ မွေးစာရင်းမိတ္တူများအားပြသရပါမယ်။ ဖခင်တူပြီး မိခင်မတူခဲ့ပါက အဆိုပါမိခင်ဟာ ယခင်အိမ်ထောင်နှင့် တရားဝင်ကွာရှင်းပြတ်ဆဲထားကြောင်း သက်ဆိုင်ရာမှထောက်ခံပေးထားသော အထောက်အထားများပြသရပါမယ်။

(F) မိခင်ဖို့ဖြစ်ခဲ့လျှင် မိခင်နာမည်ပါဝင်ထားတဲ့ ကိုယ့်ရဲ့မွေးစာရင်းအား ပြသရပါမယ်။

(G) ဖခင်ဖို့ဖြစ်ခဲ့လျှင် မိဘနှစ်ယောက်နာမည်ပါဝင်တဲ့ မိမိရဲ့မွေးစာရင်းမိတ္တူ၊ မိဘများ၏လက်ထပ်စာချုပ်မိတ္တူ နှင့်တကွ အရင်အိမ်ထောင်များရှိခဲ့လျှင် ထိုအိမ်ထောင်နှင့် တရားဝင်ကွာရှင်းပြတ်ဆဲထားကြောင်း သက်ဆိုင်ရာမှထောက်ခံပေးထားသော အထောက်အထားများ ပြသရပါမယ်။

(H) မိထွေး/ပထွေး သို့မဟုတ် နောက်အိမ်ထောင်ရဲ့ကလေးများဖို့ဖြစ်ခဲ့လျှင် ကလေးအသက် 18 နှစ် မပြည့်ခင်ကတည်းက ကလေး၏မိဘအရင်းနှင့် နောက်အိမ်ထောင်ဖက်ဟာ လက်ထပ်ထားကြောင်း လက်ထပ်စာချုပ်မိတ္တူ၊ အရင်အိမ်ထောင်ရှိခဲ့လျှင် ထိုအိမ်ထောင်နှင့် တရားဝင်ကွာရှင်းပြတ်ဆဲထားကြောင်း သက်ဆိုင်ရာမှထောက်ခံပေးထားသော အထောက်အထားများ နှင့် နောက်အိမ်ထောင်မှပါလာသော ကလေးရဲ့ မွေးစာရင်းမိတ္တူ များပြသရပါမယ်။

(I) မွေးစားမိဘ သို့မဟုတ် မွေးစားသားသမီးများဖို့ဖြစ်ခဲ့လျှင် ကလေးအသက် 16 နှစ်မပြည့်မှီက မွေးစားခြင်းဆိုင်ရာကိစ္စများပြုလုပ်ခဲ့ကြောင်း အထောက်အထားမိတ္တူ၊ ထိုကလေးရဲ့ အကြီးဖြစ်သူမွေးချင်းကိုပါ မွေးစားခဲ့လျှင် အဆိုပါကလေး အသက် 18 နှစ်မပြည့်မှီက မွေးစားခြင်းဆိုင်ရာကိစ္စများပြုလုပ်ခဲ့ကြောင်း အထောက်အထားမိတ္တူ နှင့် မွေးစားခြင်းမပြုမီ သို့မဟုတ် မွေးစားပြီးနောက် အနည်းဆုံး နှစ်နှစ်ခန့် မွေးစားမိဘများက ကလေးတစ်ဦးစီအား တရားဝင်ရုပ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှုပေးခဲ့ကြောင်း အထောက်အထားမိတ္တူများပြရန် လိုအပ်ပါတယ်။

(6) 2 နှစ်မပြည့်သေးသော လက်ထပ်မှုမှ အိမ်ထောင်ဖက်အား လျှောက်လွှာတင်ပေးသူဖို့ သတိပေးချက်။

ကိုယ့်အိမ်ထောင်ဖက်ဟာ အိမ်ထောက်သက်တမ်း 2 နှစ်အောက်သာရှိပြီး တရားဝင်အမြဲတမ်းနေထိုင်သူဖြစ်လာပါက USCIS မှ INA ပုဒ်မ 216 အရကိုယ့်အိမ်ထောင်ဖက်အား အခြေအနေကြောင့်တရားဝင်အမြဲတမ်းနေထိုင်ခွင့်ကို 2 နှစ်သာပေးထားမှာဖြစ်ပါတယ်။ အဆိုပါ နေထိုင်ခွင့်ပုံစံကို ဖယ်ရှားရန် ကိုယ့်အိမ်ထောင်ဖက်ရဲ့ တရားဝင်အမြဲတမ်းနေထိုင်ခွင့် သက်တမ်းမကုန်မှီ ရက်ပေါင်း 90 အတွင်း ကိုယ်ရော ကိုယ့် အိမ်ထောင်ဖက်ရော နှစ်ယောက်စလုံးမှ Form I-751 အား USCIS သို့ တင်ပြရပါမယ်။
အခြေအနေအရ အမြဲတမ်းနေထိုင်သူများဟာ အခြားတရားဝင်အမြဲတမ်းနေထိုင်သူများကဲ့သို့ ထပ်တူအခွင့်အရေးများ၊ အခွင့်အရေးများ၊ တာဝန်များနှင့် တာဝန်ဝတ္တရားများရှိပါတယ်။ ၎င်းတို့ဟာ နိုင်ငံသားဖြစ်ခွင့်လျှောက်ထားနိုင်မှု၊ အရည်အချင်းပြည့်မီသော မိသားစုဝင်များအတွက် အသနားခံစာလျှောက်လွှာများတင်သွင်းခြင်း သို့မဟုတ် အမေရိကန် လူဝင်မှုကြီးကြပ်ရေးစည်းမျဉ်းများနှင့်အညီ ရွှေ့ပြောင်းအခြေချသူများအဖြစ် အမေရိကန်ပြည်ထောင်စုတွင် အမြဲတမ်းနေထိုင်ခြင်းများအတွက် တားမြစ်ခံထားရခြင်းလဲမရှိပါဘူး။

သို့ပေမယ့် အကယ်လို့ ကိုယ့်အိမ်ထောင်ဖက်ဟာ Form I-751 အားအချိန်မှီမဖြည့်စွက်နိုင်ခဲ့ပါက USCIS မှ အဆိုပါအိမ်ထောင်ဖက်၏ တရားဝင်အမြဲတမ်းနေထိုင်ခွင့်အား ရုတ်သိမ်းပြီး ဖယ်ရှားခြင်းအတွက် စတင်လုပ်ဆောင်မှဖြစ်ပါတယ်။

(7) အမည်ပြောင်းထားသောဖြစ်စဉ်များအတွက်။

လျှောက်လွှာတင်သွင်းသူဟာ သက်ဆိုင်ရာ စာရွက်စာတမ်းများတွင် ဖော်ပြထားသောအမည်နှင့် ကွဲလွဲနေပါက အမည်ပြောင်းလဲခြင်းဆိုင်ရာ တရားဝင် စာရွက်စာတမ်း မိတ္တူများ ဖြစ်သည့် လက်ထပ်လက်မှတ်၊ မွေးစားလက်မှတ် နှင့်အခြား အမည်ပြောင်းလဲထားကြောင်း သက်သေပြနိုင်မည့် စာရွက်စာတမ်းများကို ပူးတွဲတင်ပြရပါမယ်။

(8) တရားဝင်စာရွက်စာတမ်းများမရှိနိုင်ခဲ့သောကိစ္စများအတွက်။

လိုအပ်သောစာရွက်စာတမ်းကို မရရှိနိုင်ပါက ၎င်းတို့အားမရရှိနိုင်ကြောင်း အတည်ပြုသည့် သက်ဆိုင်ရာ အရပ်ဘက်အာဏာပိုင်ထံမှ စာတစ်စောင်အပြင် သင့်က်ုယ်ရေးအချက်အလက်များပါဝင်နိုင်သော ဒုတိယအထောက်အထားများဖြစ်သည့်

(A) ဘာသာရေးမှတ်တမ်း - ကလေးမိဘများရဲ့အမည်၊ ကလေးမွေးဖွားသည့်အချိန် နှင့် နေရာကိုဖော်ပြထားသောအထောက်အထားများ နှင့် အဆိုပါဘာသာရေးပွဲတော်ကျင်းပခဲ့သော ရက်စွဲများပါဝင်သည့် အထောက်အထားမိတ္တူများ။

(B) ကျောင်းမှတ်တမ်း - ကျောင်းအာဏာရှိသူဆီမှ ကျောင်းအပ်နှံခဲ့သောရက်စွဲများ၊ အဆိုပါကျောင်းအပ်တဲ့အချိန်က နာမည်၊ အသက်၊ မွေးသက္ကရာဇ် နှင့် မိဘနာမည်ဖော်ပြထားသော စာရွက်စာတမ်းမိတ္တူများ။

(C) အိမ်ထောင်စုစာရင်း

(D) အကယ်၍ အထက်တွင်ဖော်ပြထားသောစာရွက်စာတမ်းများကိုပါ ရှာမတွေ့ပါက သက်သေပြရန်ကြိုးစားနေသည့် ဖြစ်ရပ်အား ထိုအချိန်တွင် သက်ရှိထင်ရှားရှိသူများထံမှ နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသော ရေးသားဖော်ပြချက်များအား အသုံးပြုနိုင်ပါတယ်။ ထိုလူများဟာ အမေရိကန် နိုင်ငံသား ဖြစ်ရန် မလိုအပ်ပါဘူး။ ရေးသားချက်တစ်ခုစီတွင် အဆိုပါထောက်ခံသူ၏အမည်အပြည့်အစုံ၊ လိပ်စာ၊ မွေးသက္ကရာဇ်၊ ထိုအဖြစ်အပျက်နှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များနှင့် ထိုဖြစ်ရပ်တို့အား ၎င်းတို့သိထားပုံအကြောင်း ရှင်းလင်းချက်တို့ ပါဝင်ရပါမယ်။ အမေရိကန်နိုင်ငံရဲ့ ဥပဒေများအရ သူတို့ရေးသားထားသမျှဟာမှန်ကန်ကြောင်းကို လက်မှတ်ရေးထိုးရန်လဲ လိုအပ်ပါတယ်။

(E) မိဘနှင့်သားသမီးဆက်ဆံရေးကိုပြသရန် စာရွက်စာတမ်းများမရှိပါက DNA စစ်ဆေးခြင်းမှရလဒ်အား အသုံးပြုနိုင်ပါတယ်။ သို့ပေမယ့် American Association of Blood Banks (AABB) မှအသိအမှတ်ပြုဓာတ်ခွဲခန်းများတွင်ပြုလုပ်ရမည်ဖြစ်ပြီး ထိုရလဒ်များကိုသာ USCIS မှ လက်ခံမှာဖြစ်ပါတယ်။ အဆိုပါအသိအမှတ်ပြုဓါတ်ခွဲခန်းများကို www.aabb.org/sa/facilities/Pages/RTestAccrFac.aspx. တွင်ရှာဖွေလေ့လာနိုင်ပါတယ်။

Previous