USIRD Connect

အချက်အလက်များစီမံဆောင်ရွက်ခြင်း

စတင်စီမံဆောင်ရွက်ခြင်း - USCIS မှ ကိုယ့်ရဲ့လျှောက်လွှာအား လက်ခံရရှိသည်နှင့် အချက်အလက်များပြည့်စုံမှုကို စတင်စစ်ဆေးခြင်းပြုလုပ်ပါမယ်။ အကယ်လို့ ကိုယ်ကပြည့်စုံစွာ မဖြည့်စွက်ထားပါက USCIS ဟာ မိမိကို အခြေခံအရည်အချင်းမပြည့်မှီခြင်းအတွက် ကိုယ့်ရဲ့လျှောက်လွှာကို ငြင်းပယ်ခြင်း ပြုလုပ်ပါလိမ့်မယ်။

အချက်အလက်များပိုမိုတောင်းခံခြင်း - ကိုယ့်ရဲ့လျှောက်လွှာကိုပိုမိုပြီး အားကောင်းလာဖို့ USCIS က နောက်ထပ်အချက်အလက်များ သို့မဟုတ် အထောက်အထားများကို တောင်းဆိုလာနိုင်ပါတယ်။ လိုအပ်လာခဲ့ရင်လဲ ကိုယ်လျှောက်ထားတဲ့ မိတ္တူတွေရဲ့ မူရင်းကိုပါတောင်းဆိုလာနိုင်ပါတယ်။ ဒါပေမယ့် USCIS ကမလိုအပ်တော့တာနဲ့ အဆိုပါမူရင်းတွေကို ပြန်လည်ပေးပို့သွားမှာဖြစ်ပါတယ်။

Interview ဖြေဆိုရန်စာပို့ခြင်း - USCISဟာ ကိုယ့်လျှောက်လွှာနဲ့စပ်လျဉ်းပြီး Interview ဖြေဆိုရန် USCIS ရုံးကိုလာဖို့ အကြောင်းကြားပါလိမ့်မယ်။ ဘယ်လိုနည်းမျိုးနဲ့ဖြစ်ဖြစ် USCIS ရုံးကိုလာရောက်တဲ့အခါ မိမိကိုအတည်ပြုဖို့နဲ့ လုံခြုံရေးစစ်ဆေးမှုတွေအတွက် ကိုယ့်ရဲ့လက်ဗွေရာ၊ ဓါတ်ပုံ နဲ့ လက်မှတ်တွေကို တောင်းဆိုနိုင်ပါတယ်။

ဆုံးဖြတ်ချက်အဆင့် - Form I-130 ဆုံးဖြတ်ချက်ဟာ ကိုယ်လိုချင်တဲ့ လူဝင်မှုကြီးကြပ်ရေး အကျိုးခံစားခွင့်အတွက် အရည်အချင်းပြည့်မီခြင်း ရှိမရှိ ဆုံးဖြတ်ခြင်းနှင့် ပတ်သက်ပါတယ်။ USCIS ဟာ စာဖြင့်အကြောင်းကြားစာပေးပို့ခြင်းဖြင့် ဆုံးဖြတ်ချက်ကို မိမိအား အသိပေးပါလိမ့်မယ်။

Previous