USCIS Forms နှင့် အချက်အလက်များ
ကိုယ်က Form I-130 နောက်ဆုံးပေါ်ဗားရှင်းကို အသုံးပြုနေကြောင်းသေချာစေဖို့ USCIS Website ကိုသွားရောက်ကြည့်ရှု၍ နောက်ဆုံးပေါ် USCIS Form များနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အချက်အလက်များကို ရှာဖွေနိုင်ပါတယ်။ ဒါမှမဟုတ် USCIS National Customer Service Center ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့ 1-800-375-5283 ကိုဆက်သွယ်၍သော်လည်းကောင်း၊ အကြားအာရုံအတွက် ပြဿနာရှိသူများ (TTY) အတွက် 1-800-767-1833 ကိုဆက်သွယ်၍သော်လည်းကောင်း USCIS Forms တွေကိုမှာကြားနိုင်ပါတယ်။
ကိုယ့်ရဲ့ ပြည်တွင်း USCIS ရုံးတွင် တန်းစီစောင့်ဆိုင်းမည့်အစား USCIS Website မှာ "Schedule an appointment online" ကိုရွေးချယ်ပြီး Online ရက်ချိန်း ယူထားနိုင်ပါသေးတယ်။ Online ရက်ချိန်း ယူပြီးပါက System မှ ရက်ချိန်းသတိပေးချက်တစ်ခုပေးပါလိမ့်မယ်။