USIRD Connect

USCIS မှစောင့်ကြည့်ကာလ

အေဂျင်စီဟာ ကိုယ်ပေးထားတဲ့ အချက်အလက်များကို စစ်ဆေးဖို့ မတူညီသော နည်းလမ်းများကို အသုံးပြုနိုင်ပါတယ်။ ဥပမာအားဖြင့် ပြည်သူ့မှတ်တမ်းများကို ကြည့်ရှုခြင်း၊ Email သို့မဟုတ် ဖုန်းဖြင့် ဆက်သွယ်ခြင်း၊ သတိပေးခြင်းမရှိဘဲ ကိုယ့်ရဲ့အိမ် သို့မဟုတ် အလုပ်ခွင်သို့ လာရောက်ပြီး လူကိုယ်တိုင်စကားပြောခြင်းပင် လုပ်ဆောင်နိုင်ပါသည်။ ကိုယ်က လူဝင်မှုကြီးကြပ်ရေး အကျိုးကျေးဇူးအတွက် စည်းမျဥ်းများကို လိုက်နာခြင်း ရှိ၊ မရှိသေချာစေရန် USCIS မှ ၎င်းတို့စုဆောင်းထားသော အချက်အလက်များကို အသုံးပြုသွားမှာဖြစ်ပါတယ်။

8 CFR 103.2(b)(16) တွင် ဖော်ပြထားသော စည်းမျဉ်းများအတိုင်း USCIS ဟာ နောက်ဆုံး ဆုံးဖြတ်ချက်ချပြီးနောက် ၎င်းတို့ရဲ့ ပြန်လည်သုံးသပ်ခြင်း၊ အတည်ပြုခြင်း သို့မဟုတ် လာရောက်လည်ပတ်စဉ်အတွင်းတွင် လျှောက်လွှာကို ငြင်းပယ်ခြင်းဆီသို့ ဦးတည်သွားစေနိုင်သည့် လုပ်ဆောင်ချက်များကို ရှင်းပြဖို့ အခွင့်အရေးထပ်ပေးပါတယ်။

Previous