USIRD Connect

Employment Authorization Document (EAD)

EAD ဆိုတာ အမေရိကန်နိုင်ငံမှာ တရားဝင်အလုပ်လုပ်ခွင့်ရှိတယ်ဆိုတဲ့ သက်သေအထောက်အထားကဒ်ပြားဖြစ်ပါတယ်။ I-688A, I-688B, I-766 စသည်ဖြင့်လည်းခေါ်ဆိုပါသေးတယ်။
Initial EAD
ပထမဦးဆုံးအကြိမ်ရရှိလာတဲ့ EAD ကဒ်ပြားကို ဆိုလိုတာဖြစ်ပါတယ်။
Renewal EAD
EAD သက်တမ်းကုန်ဆုံးသွားပြီးနောက် ထပ်ပြီးသက်တမ်းတိုးထားတဲ့ EAD ကိုဆိုလိုခြင်းဖြစ်ပါတယ်။
Replacement EAD
EAD ကဒ်ပြား ပျောက်သွားလျှင်ဖြစ်စေ ခိုးခံရလျှင်၊ ပျက်စီးသွားလျှင်ဖြစ်စေ၊ နာမည်မှားခြင်း အစရှိသော မှားယွင်းမှု တစ်စုံတစ်ရာကြောင့် ဖြစ်စေ၊ အသစ်ပြန်လည်အစားထိုးပေးတဲ့ EAD ကဒ်ပြားကို ဆိုလိုပါတယ်။
Employment Authorization Document တွေနဲ့ပတ်သက်တဲ့ အသေးစိတ်ကို www.uscis.gov/greencard/employment-authorization-document မှာ ဖတ်ရှုနိုင်ပါတယ်။

Previous