USIRD Connect

Biometrics Services Appointment

USCIS က ကိုယ့်ရဲ့ အချက်အလက်တွေကို အချိန်မရွေး စစ်ဆေးလို့ ရနိုင်ဖို့အတွက်၊ Background Check လုပ်ဖို့ Security Check လုပ်ဖို့အတွက် Interview ဆီအရောက်လာပြီး Biometrics တွေထည့်သွင်းပေးဖို့လိုအပ်ပါတယ်။ USCIS က ကိုယ့်ရဲ့ Application ကို လက်ခံရရှိပြီးတဲ့နောက်မှာ Biometrics Services Appointment ချပေးပြီး လာရမယ့်နေရာ၊ အချိန်နဲ့ နေ့ရက်တွေကို တစ်ခါတည်း ပို့ပေးပါလိမ့်မယ်။ Biometrics အချက်အလက်တွေထည့်သွင်းလိုက်ပြီဆိုတာနဲ့ ဒီ Application Form မှာပါဝင်တဲ့အချက်အလက်တွေအားလုံးဟာ မှန်ကန်ကြောင်း၊ ပြည့်စုံကြောင်း၊ သေချာ နားလည်ပြီးမှ ဖြည့်ထားတာဖြစ်ကြောင်း တစ်ခါတည်း လက်မှတ်ထိုးလိုက်တာပဲဖြစ်ပါတယ်။ Biometrics Appointment ရက်မှာ ရောက်မလာဘူးဆိုရင် USCIS က ကိုယ့်ရဲ့ Application ကို ငြင်းပယ်လိုက်မှာ ဖြစ်ပါတယ်။

Previous