USIRD Connect

၂။ အင်တာဗျူးမေးမြန်းမှုတွင် လျှောက်ထားသူစိုးရိမ်ရမည့် အချက်များ

အင်တာဗျူးမေးတဲ့အချိန်မှာ လျှောက်ထားသူတစ်ဦးအနေနဲ့ အနာဂတ်မှာ ဖိနှိပ်ခံရမှာကို စိုးရိမ်တဲ့ အကြောက်တရားရှိမရှိကို မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ဖို့ မေးမြန်းသူအရာရှိက သက်ဆိုင်တဲ့ အချက်အလက်တွေ (သိချင်တဲ့ အချက်အလက်တွေ) ရအောင်စကားနှိုက်လိမ့်မယ်။

ဒီအပိုင်းမှာတော့ ဒီအကြောင်းအရာတွေကို လျှောက်ထားသူက ပြင်ဆင်သွားရပါမယ်
1. နှိပ်စက်ခံရမှာကို ကြောက်ရွံ့တဲ့ အကြောက်တရားကို အခြေခံထားတဲ့ အချက်အလက်‌များကို တရားဥပဒေဘောင်ထဲကစံနှုန်းနဲ့ အညီရှင်းပြပါ။
2. အကြောက်တရားကိုရှင်းပြတဲ့နေရာမှာ ကိုယ့်ရဲ့ စိတ်ထဲမှာ ဖြစ်ပေါ်တဲ့ စိတ်ထဲကလာတဲ့ အချက်အလက်တွေရယ် ကိုယ့်ရဲ့ ပြောချင်တဲ့ အဓိကရည်ရွယ်ချက်ရယ်ကို ခွဲခြားသိမြင်‌နိုင်အောင်ရှင်းပြပါ။
3. အနာဂတ်မှာ ဖိနှိပ်ခံရမှာကို စိုးရိမ်မှုဘယ်လောက်ရှိလဲဆိုတာကို သက်သေပြန်ုင်အောင် လိုအပ်တဲ့ အခြေခံအချက်လေးချက်ကို အကျဉ်းချုံးပြပါ။
4. ကိုယ့်ရဲ့ ပြောင်းရွေ့နေထိုင်ခြင်းက လက်ခံနိုင်လောက်တဲ့ အခြေ‌အနေတစ်ခုဖြစ်ကြောင်းကို အဆုံးအဖြတ်ပေးနိုင်ဖို့ အချက်အလက်တွေကို စိစစ်ပါ။

Instructional Methods

• အပြန်အလှန်ဖော်ပြချက်
• ဆွေးနွေးခြင်း
• လက်တွေ့လေ့ကျင့်မှုများ

Method(s) of Evaluation

• ကြိုတင်စီမံခန့်ခွဲမှုများ
• ရွေးခြယ်စမ်းသပ်မှုများ

ဒီလေ့ကျင့်တဲ့ အပိုင်းတစ်လျှောက်မှာ သင်ခန်းစာရဲ့ အဆုံးမှာရှိတဲ့ တရားစီ‌ရင်ရေးနဲ့ဆိုင်တဲ့ ကိုးကားချက်‌တွေ တရားစီရင်ရေးနဲ့ဆိုင်တဲ့ သီးသန့်ပြင်ဆင်ထားတဲ့ စာရွက်စာတမ်းတွေ အသေးစိတ်အချက်အလက်တွေ links တွေကို တွေ့ရလိမ့်မယ်။ ရည်ညွှန်းထားတဲ့ အချက်အလက်တွေအကုန်လုံး လျှောက်ထားသူ‌ေဆာင်ရွက်ရမဲ့ ဆုံးဖြတ်ချက်တွေအတွက် သက်ဆိုင်တဲ့ အချက်အလက်တွေကိုသိထားဖို့ကို‌ လျှောက်ထားသူမှာ တာဝန်ရှိပါတယ်။

လွယ်လွယ်ကူကူရှာတွေ့နိုင်ဖို့ အပြည်ပြည်ဆိုင်ရာနဲ့ ဒုက္ခသည်တွေအတွက် အချက်အလက်တွေကို ပန်းရောင်နဲ့ သတ်မှတ်ထားပေးထားပြီးတော့ ခိုလှုံခွင့် တရားစီရင်ရေးအချက်အလက်တွေကိုတော့ အဝါရောင်နဲ့ သတ်မှတ်ပေးထားပါတယ်။

RAD (Refugee Affairs Division) လို့ခေါ်တဲ့ ဒုက္ခ‌သည်ရေးရာဌာနနဲ့ IO (International Operations Division) လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာဒုက္ခသည်ရေးရာဌာနနဲ့ ပက်သက်တာတွေကို ရည်ညွှန်းထားတဲ့ အချက်အလက်တွေကိုလဲ တွေ့နိုင်တယ်။ RAD ကိုတော့ International and Refugee Affairs Division (IRAD) လို့ အမည်ပြောင်းလိုက်ပြီးတော့ သီခြား (RAIO) ဌာနခွဲအနေနဲ့လုပ်ဆောင်ခြင်းမရှိတော့တဲ့ (IO) ရဲ့ အလုပ်အများစုကိုတာဝန်ယူထားတယ်။

Previous