USIRD Connect

၁၂။ A Number ဆိုတာဘာလဲ?

“A number” ဆိုတာကတော့ non-citizen တွေဖို့ အမေရိကန်အစိုးရကပေးထားတဲ့ သက်သေခံနံပါတ်တစ်ခုဖြစ်ပါတယ်။ A number ကို တစ်နည်းအားဖြင့် “alien number” ဒါမှမဟုတ် “alien registration number” လို့လဲ သိကြပါသေးတယ်။ “A number” ဟာ နံပါတ် ၉ လုံးပါလေ့ရှိပြီး တစ်ခါတစ်ရံမှာတော့ ၇ လုံး၊ ၈ လုံးသာ ပါတာမျိုးလဲရှိတတ်ပါတယ်။
ကိုယ်ရဲ့ “A number” ကို USCIS, ICE နဲ့ immigration court တွေကပေးပို့တဲ့စာရွက်စာတမ်းတွေမှာ အလွယ်တကူရှာဖွေနိုင်ပါတယ်။
ကိုယ်ဟာ Immigration agency နဲ့ဆက်သွယ်ပတ်သက်မှုမရှိသေးရင် “A Number” မရရှိသေးလို့ဖြစ်နိုင်ပါတယ်။ ဥပမာ တစ်ခါမှ အထိန်းသိမ်းမခံဖူးတာ၊ လျှောက်လွှာတစ်ခုမှမတင်ဖူးတာ၊ immigration court case တစ်ခုမှမရှိတာတွေကြောင့် “A number” မရရှိသေးတာဖြစ်ပါတယ်။ နောက်ထပ်တစ်ခုကတော့ ကိုယ့်ကို Notice to Report နဲ့ အမေရိကန်နိုင်ငံထဲ ဖြတ်ကျော်ခွင့်ပေးလိုက်ရင်လဲ “A number” မရှိသေးတာဖြစ်နိုင်ပါတယ်။

Previous Next