USIRD Connect

၁၁။ နိုင်ငံရေးခိုလှုံခွင့်လျှောက်လွှာ(Asylum)တင်ထားတဲ့ အမှုတွဲကို ဘယ်လိုမျိုး စစ်ဆေးလို့ရပါသလဲ?

ကိုယ့် Asylum Case ရဲ့ Status ကိုသိနိုင်ဖို့အတွက် ဘယ် Immigration Agency မှာ စစ်ဆေးလို့ ရမယ် ဆိုတာ အရင်ဆုံး သိထားဖို့ လိုအပ်ပါတယ်။ Asylum လျှောက်ထားသူ တချို့က Immigration Court မှာ Case တင်ထားကြတာ ရှိသလို တချို့ကျတော့ Immigration Court ဆီမှာ မဟုတ်ပဲ USCIS ဆီမှာ Asylum လျှောက်ထားကြပါတယ်။ ကိုယ့်ရဲ့ Asylum Case ကို Immigration Court မှတင်သည်ဖြစ်စေ၊ USCIS မှတင်သည်ဖြစ်စေ Work Permit Application ကို တင်တဲ့အခါမှာတော့ USCIS ကနေပဲ တင်ပြီး ဆက်လက် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။


Immigration Court
Immigration Court Hotline Number 1-800-898-7180 ကို ခေါ်ဆို၍ဖြစ်စေ https://acis.eoir.justice.gov/en/ Website ထဲမှဖြစ်စေ ကိုယ့်ရဲ့ ရုံးချိန်းနဲ့ ပတ်သက်တဲ့ အချက်အလက်များကို စစ်ဆေးနိုင်ပါတယ်။ အသေးစိတ် အချက်အလက်များကို https://help.asylumadvocacy.org/wp-content/uploads/2021/01/2.jpg မှာ ဖတ်ရှုနိုင်သလို အောက်ပါ Video Link မှ တစ်ဆင့်လည်း ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/BRLXD3IHCHk
ကိုယ့် Notice to Appear ရဲ့ လက်ယာဘက် ထိပ်ဆုံးမှာ ဖော်ပြထားတဲ့ ကိုယ့်ရဲ့ A Number ကို ဖြည့်သွင်းဖို့ လိုအပ်ပါတယ်။
ကိုယ့်မှာ Immigration Court Case ရှိနေတယ်လို့ သေချာပေါက်သိထားပေမယ့် Court Hotline မှာ ကိုယ့်ရဲ့ အချက်အလက်တွေကို ရှာမတွေ့ဘူးဆိုရင် https://help.asylumadvocacy.org/faqs-immigration-court/#no-case-info မှာ ရေးသားထားတဲ့ လမ်းညွှန်ချက်များကို သွားရောက်ဖတ်ရှုနိုင်ပါတယ်။
If you are not sure whether you have a case in immigration court, read about ways to find out.
Immigration Court မှာ Case ရှိနေမရှိနေဆိုတာ မသေချာဘူးဆိုရင် https://help.asylumadvocacy.org/faqs-general-orientation/#immigration-court-case မှာ ရေးသားထားတဲ့ လမ်းညွှန်ချက်များကို သွားရောက်ဖတ်ရှုနိုင်ပါတယ်။


USCIS
USCIS Website မှာ Asylum Application လိုမျိုး ကိုယ်တင်ထားတဲ့ လျှောက်လွှာတွေရဲ့ Status ကို စစ်ဆေးနိုင်ပါတယ်။ အသေးစိတ် လမ်းညွှန်ချက်များကို https://help.asylumadvocacy.org/wp-content/uploads/2020/11/Check-Your-Application-with-USCIS.jpeg မှာ သွားရောက် စစ်ဆေးနိုင်ပါတယ်။
ကိုယ့် Receipt Notice ရဲ့ ဘယ်ဘက်ထိပ်ဆုံးမှာ ဖော်ပြထားတဲ့ Receipt Number ဖြည့်သွင်းဖို့ လိုအပ်ပါတယ်။
ကိုယ်က USCIS မှာ Asylum Application တင်ပြီးပေမယ့် တင်ပြီး (၃)လ အကြာအထိ Receipt Notice မရသေးဘူးဆိုရင် https://help.asylumadvocacy.org/faqs-uscis/#missing-receipt မှာ ရေးထားတဲ့ အတိုင်း ဆက်လက်လုပ်ဆောင်ရပါမယ်။


Work Permits
USCIS Website မှာ ကိုယ့်ရဲ့ Work Permit လျှောက်လွှာရဲ့ Status ကို Online မှတစ်ဆင့် သွားရောက် စစ်ဆေးနိုင်ပါတယ်။ အသေးစိတ်ကို https://help.asylumadvocacy.org/wp-content/uploads/2020/11/Check-Your-Application-with-USCIS.jpeg မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။
ကိုယ့် Work Permit Receipt Notice ရဲ့ ဘယ်ဘက်ထိပ်ဆုံးမှာ ဖော်ပြထားတဲ့ Receipt Number ဖြည့်သွင်းဖို့ လိုအပ်ပါတယ်။
Work Permit Receipt Notice မရသေးဘူးဆိုရင် https://help.asylumadvocacy.org/work-permits/#problems-missing-receipt-notice မှာ ရေးထားတဲ့ အတိုင်း ဆက်လက်လုပ်ဆောင်ရပါမယ်။

Previous Next