USIRD Connect

၃။ နိဒါန်း

INA § 101 (a)(42) မှာဖော်ပြထားတဲ့ ဒုက္ခသည်ဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်တွင် လူတစ်ယောက်ဟာ အတိတ်က နှိပ်စက်ညှဉ်းပန်းမှု ဒါမှမဟုတ် အတိတ်ကကိစ္စကြောင့်ဖြစ်လာတဲ့ အကြောက်တရားကြောင့် အနာဂတ်မှာ နှိပ်စက်ညှဉ်းပန်းခံရမှာကို စိုးရိမ်တဲ့ ကြောက်ရွံ့မှုကို ကောင်းစွာရှင်းပြနိုင်လျှင် ထိုလူဟာ ဒုက္ခသည်ဖြစ်နိုင်ကြောင်း ဖော်ပြထားတယ်။ လျှောက်ထားသူဟာ အတိတ်ကာလမှာ နှိပ်စက်ညှဉ်းပန်းခြင်းကို အမှန်တကယ် မခံစားရခဲ့ရင်‌ေတာင် ဒုက္ခသည် ပြန်လည်နေရာချထားရေး ဒါမှမဟုတ် ဒုက္ခခံ အနေအထားအတွက် အသိအမှတ်ပြုခံရဖို့ကို အရည်အချင်းပြည့်မှီနိုင်ပါတယ်။ လျှောက်ထားသူတစ်ယောက်ဟာ အတိတ်ကာလမှာ ဖိနှိပ် နှိပ်စက်ခံခဲ့ရခြင်းအပေါ်မှာ အခြေခံပြီးတော့ အရည်အချင်းပြည့်နိုင်မှုကို သက်သေပြဖို့ လိုအပ်ချက်တွေကို RAIO လေ့ကျင့်ရေးအပိုင်းတွေဖြစ်တဲ့ (Refugee Definition and Definition of Persecution and Eligibility Based on Past Persecution) မှာ ဆွေးနွေးထားပါတယ်။ ဖိနှိပ်ခံရခြင်း ဒါမှမဟုတ် ဖိနှိပ်ခံရမှာကိုစိုးရိမ်ခြင်းတွေဟာ ဒုက္ခသည်တွေအတွက် ဖော်ပြချက်မှာပါတဲ့ အခြေခံအချက် ၅ချက်ထဲမှ တစ်ခုကြောင့်‌ဖြစ်တယ်ဆိုတာကို သက်သေပြဖို့ လိုအပ်ချက်တွေကို (RAIO) အပိုင်း (Nexus and the Five Protected Grounds)မှာ ရှင်းပြထားတယ်။
ဒီအပိုင်းမှာ အနာဂတ်မှာ နှိပ်စက်ခံရနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုကို သက်သေပြဖို့ လိုအပ်တဲ့အချက်တွေကို ဆွေးနွေးထားပြီးတော့ ဒီအရာတွေကို ဘယ်လိုစဉ်းစားရမလဲ ဘယ်လိုထုတ်ယူရမလဲဆိုတာတွေကို ဆွေးနွေးထားတယ်။
လျှောက်ထားသူရဲ့ စိုးရိမ်မှုတွေဟာ အမှတ်တစ်ကယ်လားဆိုတာကို မှန်ကန်စွာ ဆုံးဖြတ်နိုင်ဖို့အတွက် လျှောက်ထားသူတစ်ဦးချင်းဆီတိုင်းဟာ အောက်ပါအချက်အလက်တွေကို ကျွမ်းကျင်စွာ နားလည်ထားဖို့တော့ လိုပါတယ်
• ကိုယ့်ရဲ့ အသိစိတ်ထဲမှာဖြစ်ပေါ်တဲ့ အကြောက်တရားရယ် ယုံကြည်မှုရယ်ကို ပြင်ဆင်နိုင်မဲ့အချက်အလက်များ
• Mogharrabi Test မှာ ပါတဲ့ အချက်လေးချက်
• ကျိုးကြောင်းဆီလျော်တဲ့ ဖြစ်နိုင်ချေရှိတဲ့ စံချိန်စံနှုန်းမှီတဲ့ အချက်အလက်များ

Previous